Monday, 30 May 2011

Gtalk Account အမည်များ ကျန်ခဲ့သည်ကိုဖျက်ခြင်း

အင်တာနက် ဆိုင်များ၌ Gtalk Account သုံးစွဲရာတွင် Sign out လုပ်ပြီးချိန်တွင် Gtalk Account အမည်များ ကျန်နေခဲ့သည်ကို ဖျက်နိုင်သည်။

၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

Credit To : မောင်စေတနာ

Gmail မှာ ကိုယ့်ဆီကို စာတွေပို့ လို့ မရအောင်လုပ်ခြင်း

>ရိုးရိုးဘလော့ဂ်လုပ်ရင် မေးလ်တွေပို့ပြီး ဆက်သွယ်နေဦးမယ်၊ ကိုယ်က လုံးဝမဆက်သွယ် ချင်တော့တဲ့ လူဆိုရင် ဘလော့ဂ်လုပ်တာထက် ဒီနည်းက ပိုကောင်းတယ်’လို့ ဧဒင်ဥယျာဉ် မြန်မာ ဆိုရှယ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

 >(၁) ဂျီမေးလ်ကို ဖွင့်ထားပါ။

>(၂) မေးလ်ရဲ့ဘေးက (Contact) ကိုသွားပါ။အဲဒီမှာ ကိုယ့် ဂျီမေးလ်ထဲမှာရှိတဲ့ လူတွေအားလုံး ပေါ်လာပါမယ်။

>(၃) ကိုယ်ဖျက်ချင်တဲ့သူကို ရွေးပါ။

>(၄) ပြီးရင် (delete contact) ကိုနှိပ်ပါ။ အဲဒါဆိုရင် သည်လူက ကိုယ့်စာရင်းထဲမှာ မရှိတော့ဘူး။ ဒါပေမယ့် ဒါနဲ့တင်မရသေးဘူး။

>စာတွေဘာတွေ ပို့လို့ရသေးတယ်။ အဲသည်တော့ မေးလ် ကို (filter) လုပ်ရပါမယ်။

>အင်ဘောက်စ်ထဲမှာ ရောက်နေတဲ့ ကိုယ်လက်မခံချင်တဲ့သူရဲ့ စာကိုဖွင့်၊ ပြီးရင်စာရဲ့ ညာ ဘက်ထောင့် အပေါ်ဘက်က reply ကိုရှာ။

>ပြီးရင် ဘေးက မြားလေးကိုနှိပ်၊ ကျလာတဲ့ (box) ထဲက (filter message like this) ကိုရွေးပါ။ (Next step) ကိုရွေးပါ။

>နောက် ကိုယ်လက်မခံ ချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အလိုအလျောက် (delete) ဖြစ်သွားအောင် (delete it box) ကိုရွေးပါ။

>ပြီးရင် နောက်ဆုံးအဆင့် (create filter) ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ကိုယ်မလို ချင်တဲ့ မေးလ်တွေကိုပါ ဖျက်ပစ်ပေးမှာဖြစ်ပါတယ်။

From forward e mail

Sunday, 29 May 2011

ကြိုက်သလောက်သာခေါ်

မားကြီးတို့ မြန်မာပြည်ကို မျက်နှာပြောင်တိုက် အုပ်ချုပ်နေတဲ့ နအဖစစ်အာဏာရူးတွေဟာ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်ပြီး အငတ်ငတ် အပြတ်ပြတ်ထားပေမယ့် သူရို့သူရို့နဲ့ အပေါင်းအပါတွေက တော့ မြန်မာပြည်မှာ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်ပြီး စည်းစိမ်ယစ်နေလေရဲ့။ ဆန် ဆိုလည်း သူရို့၊ ဆီဆိုလည်း သူရို့၊ ဆားဆိုလည်း သူရို့၊ ငရုတ် ကြက်သွန်ဆိုလည်း သူရို့၊ ရေထွက်ပစ္စည်းဆို လည်း သူရို့၊ ကျောက်မျက်ရတနာဆိုလည်း သူရို့၊ ဘီယာဆိုလည်း သူရို့၊ သစ်ဆိုလည်း သူရို့၊ ဟိုတယ်နဲ့ ခ ရီးသွားလုပ်ငန်းဆိုလည်း သူရို့၊ ပုဂ္ဂလိကဆေးရုံဆိုလည်း သူရို့၊ လေကြောင်းလိုင်းဆိုလည်း သူရို့၊ တံတား ဆောက်လည်း သူရို့၊ လမ်းဖောက်လည်း သူရို့နဲ့ … အဲသလို အားလုံးကို မောင်ပိုင်စီးထားမှတော့ ပြည်သူတွေ ခမျာ မငတ်ဘဲခံနိုင်ရိုးလား။ နောင်ကျရင် နိဗ္ဗာန်ယာဉ်နဲ့ အခေါင်းလုပ်ငန်းကိုပါ သူရို့မောင်ပိုင်စီးဦးမလားမသိ။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ သူရို့နှိပ်စက်လို့ သက်တမ်းစေ့မနေရဘဲ အတုံးအရုံးသေနေတဲ့ ပြည်သူ တွေက တနေ့တနေ့ နည်းနည်းနောနောမှ မဟုတ်တာကိုး။ အဲဒီတော့ တပြည်လုံးမှာ အခေါင်းရောင်းပြီး နိဗ္ဗာန် ယာဉ်ဆွဲစားရင် ပွရချည်ရဲ့လို့တွေးပြီး ထပြီးမောင်ပိုင်စီးဦးမလားမသိ။ အဲသလို အာဏာကို ဗန်းပြပြီး အတင်း အဓမ္မ မောင်ပိုင်စီးထားလို့လည်း အာဏာရူးကြီးဗိုလ်သန်းရွှေရဲ့ဖတ်စ်လေဒီ ဒေါ်ကြိုင်ကြိုင့်ထမီနားခိုစားနေတဲ့ သားသမက်ဖြစ်သူ တေဇဆိုတဲ့ ပြိတ္တာလေးဟာ မြန်မာပြည်မှာ အချမ်းသာဆုံးသူကြွယ်လေး ဖြစ်နေတာပေါ့ ခင်ဗျာ။

နအဖ ငတေတွေက အဲသလို အားလုံးကို မောင်ပိုင်စီးထားလို့ သူရို့နဲ့လွတ်ကင်းမလားဆိုပြီး စာနယ်ဇင်းအ လုပ်ကို လုပ်မယ်စိတ်ကူးတော့လည်း ကိုသာဆိုးနဲ့သာ တွေ့ရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာနယ်ဇင်း လောကမှာလည်း မဂ္ဂဇင်း၊ ဂျာနယ်ထုတ်ချင်လို့ ထုတ်ဝေခွင့်မှတ်ပုံတင်လိုချင်ရင် စစ်အာဏာရူးတွေရဲ့ အနွယ် တော်တွေနဲ့ မပတ်သက်လို့မှမရဘဲကိုး။ အဲဒီတော့ သိပ်ကိုလက်ယားပြီး ထုတ်ချင်ပြီဆို စစ်တပ်၊ ထောက်လှမ်း ရေးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲဌာန … စတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ကလူပြု နေတဲ့ ဌာနတွေအတွက် ရန်ပုံငွေဆိုပြီး ချပေးထားတဲ့ ထုတ်ဝေခွင့်မှတ်ပုံတင်တွေကို တနှစ်စာငှားပြီး ထုတ်ရ တာကလား။ တခါတလေ အဲဒီဌာနတွေက ကိုယ်တော်ချောတွေက သူတို့အလကားရထားတဲ့ ပိုက်ဆံတွေနဲ့ ရှယ်ယာဝင်ပါပြီး တတ်ယောင်ကားနဲ့ ဆရာကြီးဝင်လုပ်တာကို ခံရသေးတယ်ခင်ဗျ။

အခုလက်ရှိမှာ Weekly Eleven Journal ဆို ထောက်လှမ်းရေး(၇)၊ မဟာဂျာနယ်ဆို စစ်မဟာဗျူဟာလေ့ လာရေးမှူးရုံး၊ First Eleven Journal ဆို တပ်မတော်ထောက်လှမ်းရေး(လေ)၊ နံနက်ခင်းဂျာနယ်ဆို ထောက်လှမ်းရေး(၁၄)၊ မီးရှုးတိုင်ဂျာနယ်ဆို ထောက်လှမ်းရေး(၆)၊ ကုမုဒြာဂျာနယ်ဆို အထူးစုံးစမ်းစစ်ဆေး ရေးဦးစီးဌာန၊ အချစ်ဂျာနယ်ဆို မောင်ပန်းမွှေး(နအဖဖော်လံဖား)၊ အလင်းတန်းဂျာနယ်ဆို ဟင်္သာတမြင့်ငွေ (နအဖဖော်လံဖား)၊ ပေါ်ပြူလာဂျာနယ်ဆို နအဖပြုတ် ဗိုလ်ချုပ်ဝင်းမြင့်ရဲ့သမီးများ၊ မုခမဂ္ဂဇင်းဆို ဗိုလ်ချုပ်ခင် မောင်သန်းရဲ့ သမီး၊ ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂ္ဂဇင်းဆို ဆိုင်းငံ့ထောင်နန်းစံမင်းသားလေး ဗိုလ်ခင်ညွန့် ရဲ့သား ရဲနိုင်ဝင်း … စသဖြင့် အများကြီး အများကြီးပါပဲခင်ဗျာ။

အဲဒီတော့ စာနယ်ဇင်းတွေအားလုံးနီးနီးဟာ နအဖအနွယ်တော်တွေကို ဆက်ကြေးပေးပြီး သူရို့နဲ့ ဆက်စပ် ပတ်သက်နေရတာပေါ့။ တနည်းအားဖြင့် နအဖအနွယ်တော်တွေနဲ့ ပေါင်းစားနေကြရတာပေါ့။ တချို့အချောင် သမားတွေကတော့ ပေါင်းစားတော့ အရိုးပိုနူးတယ်လို့ စပ်ဖြီးဖြီးနဲ့ အရှက်မရှိ ပြောသေးတယ်ခင်ဗျ။ ဒါကတော့ ကိုယ်သမိုင်းကိုယ်ရေးတယ်လို့ပဲ မြားကြီးမှတ်ယူမိလေရဲ့။

အဲဒီလို သူရို့သူရို့နဲ့ မလွတ်ကင်းနိုင်သူ မိတ်ဆွေတဦးပြောပြတဲ့ ပြုံးချင်စရာ အကြောင်းအရာလေးကို မြားကြီး ဖောက်သည်ချချင်ပါသေးတယ်။ စစ်တပ်အနွယ်တော်တဦးရဲ့ သူသိသူတတ် ဆရာကြီးလုပ်ချင်တဲ့ အကြောင်း လေးပေါ့ခင်ဗျာ။ ဂျာနယ်ထုတ်ဝေခွင့်တွေ စချပေးခါစက မြားကြီးမိတ်ဆွေက တပ်မတော်ထောက်လှမ်းရေး(၇) ရန်ပုံငွေအတွက်ထုတ်ဝေတဲ့ အင်တာဗျူးဂျာနယ်မှာ အယ်ဒီတာဝင်လုပ်သတဲ့။ သူဝင်မလုပ်ခင်မှာ ဂျာနယ်က ပထမနှစ်စောင် ထွက်ပြီးနေပြီတဲ့။ တရက်မှာ အုပ်ချုပ်ရေးမှူး အရာခံဗိုလ်စံလှရွှေနဲ့ သူတို့အယ်ဒီတာ အဖွဲ့ဝင် နှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဂျာနယ်ရဲ့ရှေ့ရေးအတွက် တိုင်ပင်ဆွေးနွေးကြသတဲ့။ စာပေ၊ ရုပ်ရှင်၊ ဂီတ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင်ရေးနိုင်မယ့် ပေါ့ပ်ဂျာနယ်လစ်တယောက် ခေါ်မယ်၊ သတင်းဓာတ်ပုံ ကောင်းကောင်းရိုက်တတ်တဲ့ ဓာတ်ပုံဆရာတယောက်ခေါ်မယ်၊ စာရင်းကိုင်နေရာအတွက် ကောင်မလေးချော ချော တယောက်ခန့်မယ် … ဘာညာနဲ့ ဟိုဟိုဒီဒီ ဆွေးနွေးကြသတဲ့။ အဲဒီလိုဆွေးနွေးနေရင်း မြားကြီးမိတ်ဆွေ အယ်ဒီတာက “ဗိုလ်ကြီး ထွက်ပြီးတဲ့ ဂျာနယ်နှစ်စောင်က ဒီဇိုင်းအပြင်ဆင် သိပ်မမိုက်ဘူး။ အဲဒီလေးအောက် (Lay-out) အတိုင်းသွားရင် အကုန်လုံး ဂိုးကုန်လိမ့်မယ်”လို့ သူ့ရဲ့အမြင်ကို တင်ပြသတဲ့။

အဲဒီမှာတင် အုပ်ချုပ်ရေးမှူး အရာခံဗိုလ်စံလှရွှေ တက်တက်ကြွကြွ မိန့်ကြားလိုက်တဲ့ စကားကြောင့် အယ်ဒီ တာအဖွဲ့ဝင်နှစ်ဦးခမျာ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ပြီး ရှေ့မှာရှိတဲ့ လက်ဖက်ရည်ခွက်တွေကိုသာ တစွပ်စွပ် မော့သောက်နေခဲ့ရသတဲ့။ အရာခံဗိုလ်စံလှရွှေ မိန့်ကြားလိုက်တဲ့ စကားကတော့ “ဟာ … ဆရာတို့ကလည်း၊ ဒါ ထောက်လှမ်းရေးကထုတ်တဲ့ ဂျာနယ်လေ၊ ကြိုက်သလောက်သာခေါ်၊ လေးယောက်မကဘူး၊ ငါးယောက် ခြောက်ယောက်လည်း ခေါ်လို့ရတယ်၊ ချသာချပါ” တဲ့။ သြော် … ၀ယ်သာ (Weather)မကောင်းရင် ပြင်လိုက် ပေါ့လို့ပြောတဲ့ ဗိုလ်ချုပ်မျိုးညွန့်ထက် ပိုဆိုးနေပါပေါ့လားလို့တွေးပြီး မြားကြီးလည်း ပြုံးစိစိဖြစ်မိရဲ့။ တော်တော် တော်တဲ့ စစ်ဗိုလ်တွေနော်။

မြားကြီး


Credit To : drlunswe

တိရိစ္ဆာန်ရုံဆောက်ဖို့ လိုသေးလား

တနေ့သ၌ ပျင်းပျင်းရှိသည်နှင့် ကြပ်ပြေးနတ်ကလေး တကိုယ်တည်း ကိုယ်ယောင်ဖျောက်တော်မူပြီး သကာလ ပြည်သူ့အသံ အစစ်အမှန်ကို ကြားနိုင်ရန်အလို့ငှာ ဖုန်တသောသော ထနေသော ကြပ်ပြေးနယ်ပယ်သစ် အ တွင်းရှိ လူစည်ကားရာ လက်ဖက်ရည်ဆိုင် တဆိုင်အတွင်းသို့ ၀င်ရောက်တော်မူပြီး ချောင်တချောင်မှနေ၍ နား စွင့်နေမိလေ၏။ လက်ဖက်ရည်ဆိုင်ထဲတွင် ကုန်ထမ်းသမား၊ စာရေးစာချီ၊ ထောက်လှမ်းရေး၊ ပွဲစား၊ အလစ် သုတ်သမား၊ ဘိန်းစား၊ ပြည့်တန်ဆာ၊ ကားသမား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည် … စသည်ဖြင့် လူတန်းစားအ လွှာပေါင်းစုံ ကျားမအဖုံဖုံ စတည်းချ စားသောက်နေကြသည်ကို တွေ့ရပေ၏။

တချို့က လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသည့် ဗီစီဒီကာရာအိုကေကို တနေ့လုံးအလုပ်မရှိသည့်အလား စိမ်ပြေန ပြေ ရှုစားအားပေးတော်မူနေကြ၏။ တချို့က ဘုန်းကြီးပေးသည့်ဂဏန်း၊ ဘိုးတော်ပေးသည့်ဂဏန်း၊ အိပ်မက် မက်သည့် ဂဏန်းများအကြောင်း အပြန်အလှန် အမြင်ချင်းဖလှယ်ကာ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်နေကြ ၏။ တချို့က မနေ့ညက ကန်သွားသည့် ချယ်ဆီး-လီဗာပူး ချရတီဒိုင်းလုပွဲတွင် လောင်းကြေးများပလုံသွား၍ ချယ်ဆီးနည်းပြမော်ရင်ဟိုအား အမျိုးမျိုးအဖုံဖုံ ကြိမ်ဆဲတော်မူသံကို ကြားနေရ၏။ အောက်ကြေးနိုင်သူများ ကမူ လီဗာပူးအသင်းမှ ဂိုးသွင်းပေးသည့် ရစ်ဆီနှင့်ပီတာခရော့ခ်ျတို့ကို ဘုရားစင်ပေါ်ပင် တင်ထားတော့မည့်အ လား ချီးမွမ်းခန်းအလီလီ ဖွင့်သံကို ကြားနေရပြန်၏။

အလစ်သုတ်သမားတယောက်က ဆိုင်ရှင်လစ်သည်နှင့် ပေါက်စီနှစ်လုံးနှင့် စီးကရက်တပွဲကိုမကာ ထပြေးဖို့ အကြံထုတ်နေ၏။ ကားဒရိုင်ဘာတဦးက မျက်တွင်းဟောက်ပက် ဖြစ်နေသည့် ပြည့်တန်ဆာမတဦးနှင့် ကလူ ကျီစယ် ပွတ်သီးပွတ်သပ် လုပ်နေလေ၏။ ဘိန်းစားတဦးကမူ စီးကရက်တလိပ်ကို လက်သမားခဲခဲပြီး နံရံကို မှီကာ သီချင်းသံကို မျက်စိမှတ်ခံစားရင်း မှိန်းနေလေ၏။ အရပ်ဝတ်နှင့် ထောက်လှမ်းရေးတစ်ယောက်ကို ကား သတင်းစာဖတ်ချင်ယောင်ဆောင်လိုက် ဘေးဘီကို ကျီးကြည့်ကြောင်ကြည့် ကြည့်လိုက်နှင့် ဣနြေ္ဒမရ ဖြစ်နေ သည်ကို တွေ့ရ၏။ သူအဓိက အာရုံရောက်နေသည်မှာ သတင်းစာကို မဟုတ်ဘဲ မလှမ်းမကမ်းဝိုင်းတွင် ခေါင်း ချင်းဆိုင်ကာ တီးတိုးပြောဆိုပြီး ဟားတိုက်ရယ်မောနေကြသည့် ၀န်ထမ်း (၃) ဦး ကို ဖြစ်၏။ သို့သော် သူ့ခမျာ ကြားချင်သည့်အရာကို သဲသဲကွဲကွဲ မကြားရ၍ စိတ်ကသိကအောက် ဖြစ်နေပုံရ၏။ သူ၏အကြည့်က ဒီကောင် (၃) ကောင် ‘မင်းတရားကြီး ကိုယ်တော်ရွှေ’ အကြောင်းများ အတင်းချနေ လေရော့သလားဟူသည့် အကြည့် မျိုးဖြစ်၏။

အဆိုပါ ထောက်လှမ်းရေးကို ကြည့်နေရင်းမှ ကြပ်ပြေးနတ်ကလေးလည်း ထိုဝန်ထမ်း (၃) ဦး အဘယ်သို့သော အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုပြီး ဟားတိုက်ရယ်မောတော် မူနေကြပါလိမ့်ဟူသည့် သိချင်စိတ် ကယ်နှင့် ၀န်ထမ်း (၃) ဦး၏ ခေါင်း (၃) လုံးကြားတွင် နေရာယူကာ နားစွင့်တော်မူမိ၏။ ကြပ်ပြေးနတ်ကလေး ရောက်သွားချိန်တွင် ထိုဝန်ထမ်း (၃) ဦး တီးတိုးပြောဆိုနေကြသည်မှာ ကြပ်ပြေးနေပြည်တော်တွင် တိရိစ္ဆာန်ရုံ အသစ် တည်ဆောက်မည့် အကြောင်းအရာဖြစ်၏။ သစ်တောဌာနမှ ၀န်ထမ်းဖြစ်သူက ‘ဟေ့ … မနေ့က ကိုယ်တို့ဌာနကို ဟိုကောင်တွေလာပြီး လိုအပ်သည်များ မှာစားတယ်ကွ။ အဲဒီမှာ ဘာပြောသွားသလဲဆိုတော့ နေပြည်တော်ကို မြို့တော်အင်္ဂါရပ်နဲ့ပြည့်စုံအောင် တိရိစ္ဆာန်ရုံအသစ်လည်း တည်ဆောက်မယ်လို့ မိန့်မှာသွား တယ်ကွ’ တဲ့။

အဲဒီမှာတင် တိုက်ပုံအနက်ဝတ်ထားသော တရားရေးဌာနမှ ၀န်ထမ်းပြောလိုက်သည့်စကားကို သုံးယောက် သား ရယ်မောလိုက်ကြပြန်ရာ ကြပ်ပြေးနတ်ကလေးပင် အဝေးသို့ လွင့်စင်ခဲ့ရလေ၏။ ကမန်းကတန်း ကုန်းထ တော်မူပြီး ခပ်လှမ်းလှမ်းမှ ထောက်လှမ်းရေးငနဲကို အကဲခတ်လိုက်ရာ ထိုဝန်ထမ်း (၃) ဦးအား ချိုကြည့် ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုတရားရေးဝန်ထမ်း ပြောလိုက်သည့် စကားကတော့ ‘ဟ … အ ထက်ကကောင်တွေအားလုံး ဒီမှာရုံးစိုက်နေမှတော့ တိရိစ္ဆာန်ရုံထပ်ဆောက်ဖို့ လိုသေးလို့လား’ ဟူ သတည်း။

ကြပ်ပြေး-နတ်ကလေး


Credit To : drlunswe

ဒီလို မကြိုက်ဘူး မပြောပါနဲ့

အဟိတို့နေတဲ့ ရပ်ကွက်ထဲမှာ ညညဆို ရောက်တတ်ရာရာ ပြောကြဆိုကြတဲ့ စကားဝိုင်းလေးတခု အမြဲလိုလို ရှိတတ်တယ်။ အဲဒီစကားဝိုင်းမှာ အဟိတို့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာ ရေးက အစ နိုင်ငံတကာအရေးအခင်းများ အလယ် သမီးရည်းစားရေးနဲ့ ကြီးပွားရေးဆိုတဲ့ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံးပွဲကိစ္စတွေ အဆုံး နိစ္စဓူဝ ဖြစ်ပျက်သမျှတွေအားလုံးကို ညစဉ် တရုန်ရုန်းနဲ့ ပြောကြဆိုကြတာပေါ့။ စကားဝိုင်းကို လာကြတဲ့သူတွေက အသက်အရွယ်အားဖြင့် (၂၅) နှစ်နဲ့ (၄၀) ကြား အရွယ်တွေပါ။ တချို့က ကရားရေလွှတ် တတွတ်တွတ်ပြော၊ တချို့က အာပေါင်အာရင်းသန်သန်နဲ့ ငြင်းခုန်၊ တချို့က တတ်ယောင် ကားလုပ်ပြီး ၀င်ဆွေးနွေးနဲ့ စကားဝိုင်းလေးဟာ ညစဉ် ညစဉ် လက်ပံပင် ဆက်ရက်ကျသလို ကျွက်စီကျွက်စီနဲ့ ဆူညံလို့နေတာပေါ့။

တညမှာတော့ စကားဝိုင်းမှာ အမြဲလိုလို အကြောင်းအရာတခုကို သယ်လာပြီး ဦးဆောင်ဆွေးနွေးလေ့ရှိတဲ့ ကို အာရွှီးလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုမိုးကြီးက အီရန်ပြဿနာကို သယ်လာပါလေရော။ အားလုံး လူစုံချိန်မှာ ကိုအာရွှီးက အသံကျယ်ကျယ်နဲ့ “ဟေ့ မနက်က ဘီဘီစီမှာ ကိုယ်နားထောင်လိုက်ရတယ်။ အမေ ရိကန်က အီရန်ကို ရာဇသံပေးလိုက်ပြီ။ ရက်ပေါင်း (၃၀) အတွင်း နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူ ရေနီယမ်သန့်စင်မှုကို ရပ်တန်းကရပ်ဖို့ သတိပေးလိုက်တာကွ။ အီရတ်ပြီးတော့ အီရန်ကို ထပ်တွယ်တော့မယ် နဲ့တူတယ်” လို့ နန်းစတော့ပ် ပြောဆိုပြီး စကားဝိုင်းကို ဖွင့်လှစ်လိုက်တယ်။

စကားဝိုင်းမှာလည်း ၀ိုင်းတော်သားတွေက စုံသလောက်ဖြစ်နေပြီ။ အဲဒီမှာ ကိုအာရွှီးရဲ့စကားကို နားထောင်ပြီး တက်ကြွလွန်းလို့ ကိုကြက်ဖလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုအောင်ထီကြီးက “ဟာ ... အီရတ်ပြဿ နာတောင် မငြိမ်သေးတာ အီရန်ကို ၀င်ဆော်လို့ ဖြစ်ပါ့မလား။ ဒီကြားထဲ မြောက်ကိုးရီးယားက ကင်ဂျုံအီးက လည်းတမှောင့်။ အဲဒီလိုအခြေအနေမှာ အမေရိကန်က စစ်မျက်နှာတွေ အရမ်းလျှောက်ဖွင့်ရင် ပျားတုပ်ကုန် မှာပေါ့ကွ” လို့ အာပေါင်အာရင်းသန်သန်နဲ့ ၀င်ဆွေးနွေးတယ်။ ၀ိုင်းတော်သားတွေကတော့ သူတို့ နှစ်ယောက် ဆွေးနွေးတာကို ပါးစပ်အဟောင်းသားနဲ့ နားစွင့်နေကြတယ်။

အဲဒီမှာ ကိုအာရွှီးက “ငါသာ အမေရိကန်သမ္မတ ဆိုရင်တော့ကွာ၊ သန်းရွှေတို့၊ မောင်အေးတို့၊ ရွှေမန်းတို့ကိုပဲ အရင် ဆော်ပလော်တီးပစ်လိုက်မှာ။ တိုင်းသူပြည်သားတွေကို ရက်ရက်စက်စက် ဖိနှိပ်နေတဲ့အပြင် တရုတ်၊ ရု ရှား အားကိုးနဲ့ နျူကလီးယားလက်နက်လုပ်ဖို့ပါ ကြိတ်ကြံနေတဲ့ ကောင်တွေကွ။ ကြာကြာထားရင် အားလုံးအ တွက် အန္တရာယ်များမယ့် ကောင်တွေ၊ ဦးအောင် ရှင်းပစ်မှ အေးမယ်။

အခုလည်းကြည့် ဟိုတလောကလေးတင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်က လွှတ်ပါ၊ အန်အယ်လ်ဒီနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ပါလို့ တဖွဖွပြောတယ်။ ဒီကောင် တွေ ကိုဖီအာနန် စကားကို လုံးဝဂရုမစိုက်ဘူး။ အဲဒီတော့ ဒီလိုအကောင်မျိုးတွေကို အမေရိကန်က ၀င်ဖမ်းပြီး နိုင်ငံတကာခုံးကို ပို့ပစ်လိုက်တာ အကောင်းဆုံးပဲပေါ့” လို့ အမြှုပ်တစီစီ ထွက်မတတ် ပြောဆိုဆွေးနွေးပြီးတဲ့ အခါမှာ တတ်ယောင်ကားနဲ့ လေလုံးထွားလွန်းလို့ ကိုထွားကြီးလို့ အဟိတို့ နာမည်ပြောင်ပေးထားတဲ့ ကိုမှတ် ကျောက်က ရုတ်တရက် စကားတခွန်း ၀င်ပြောလိုက်တယ်။ ကိုမှတ်ကျောက် အတည်ပေါက်နဲ့ ၀င်ပြောလိုက် တဲ့ စကားကြောင့် ၀ိုင်းတော်သားအားလုံး တ၀ါးဝါးနဲ့ ပွဲကျကုန်လေရဲ့။

ကိုမှတ်ကျောက် ၀င်ရောက်ဆွေးနွေးလိုက်တဲ့ မှတ်သားဖွယ်ရာ စကားတခွန်းကတော့ “ကိုအာရွှီးကလည်းဗျာ သန်းရွှေတို့၊ မောင်အေးတို့၊ ရွှေမန်းတို့ကိုတော့ လေးစားသမှုမရှိလို့ ‘ဦး’ မတပ်ဘဲ ပြောတာဟုတ်ပါပြီ။ ဒါပေ မယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုတော့ ‘ဦးဖီအာနန်’ လို့ လေးလေးစားစား ခေါ်သင့်တာပေါ့ဗျ။ တက တည်း ခင်ဗျားသူငယ်ချင်းကျနေတာပဲ ကိုဖီအာနန်၊ ကိုဖီအာနန်နဲ့” ဟူသတည်း။

အဟိ

Credit To : drlunswe

ကြိုင်ကြိုင်နဲ့ ယိုင်ယိုင်

စားသောက်ဆိုင်တဆိုင်အတွင်း တီဗွီကလွှင့်နေတဲ့ ဦးသန်းရွှေ တိုင်းခန်းလှည့်လည်တဲ့ သတင်းကို ကြည့်ပြီး လူနှစ်ယောက် ဝေဖန်နေကြတယ်။

ပထမလူ ။ ။ ငါတော့ ဘိုးတော်ကြီးကို ကြည့်ပြီး ဇရာဆိုတာကို တော်တော်ဆင်ခြင်လာမိတယ်ကွာ။ သူ့ခမျာ အားသာ မနည်းတင်းထားနေရတယ်။ လူက ယိုင်တိုင်တိုင် ဖြစ်နေပြီ။ လမ်းလျှောက်တာတောင် အားမပါသလို ဖြစ်နေတယ်။

ဒုတိယလူ ။ ။ ဒါဆို ငါတို့ သူ့ကို နာမည်ပြောင်းပြီး ပေးလိုက်ကြရင် မကောင်းဘူးလား။ ‘ယိုင်ယိုင်’ ဆိုပြီးတော့ လေ။ သူ့မိန်းမနာမည်နဲ့လည်း ကာရန်တူသွားတာပေါ့။

သူတို့ပြောနေတာတွေကို ကြားပြီးတော့ ကျနော့်မှာ မပြုံးဘဲမနေနိုင်ဘူး။ တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေ။ အဘိုးကြီးကို နာမည်ပြောင်ပေးတာတောင်မှ ကာရန်လေးနဲ့။ မိန်းမနာမည်က ‘ကြိုင်ကြိုင်’ ဆိုတော့ ယောက်ျားနာမည်က ‘ယိုင်ယိုင်’ တဲ့လေ။ လိုက်လည်းလိုက်ဖက်တာပေကိုး။

Credit To : drlunswe

မင်းတုန်းမင်းလောက်တော့ သနားတယ်

နေပြည်တော်ရွှေနန်းတည် မင်းတရားကြီး ဦးသန်းရွှေသည် လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးနေသော နေ ပြည်တော်၏ ညရှုခင်းအား ကြည်နူးစွာ ငေးမောရင်း တွေးတောနေမိသည်မှာ ...

“အင်း ... ငါတည်ထားတော်မူတဲ့ နေပြည်တော်ကြီးကဖြင့် အလွန်ကြီးကျယ်တာပေကပဲ။ ဇေယျာသီရိဗိဗ္မာန် ကြီးဆိုလည်း အမေရိကန်သမ္မတအိမ်ဖြူတော်တောင် ရှုံးရမယ်။ လမ်းမကြီးတွေ ဖောက်ထားတာကလည်း ကမ္ဘာ့အဆင့်မီတွေချည်းပဲ။ ဓာတ်တိုင်တွေမှာထွန်းထားတဲ့ မီးလုံးတွေကလည်း တလုံးကို တသိန်းကျော်တန် ရဲ့။ ရှေးရှေးတုန်းက မင်းတုန်းမင်းတို့ ရတနာပုံနန်းတော် တည်ခဲ့တယ်ဆိုတာ ငါကိုယ်တော်မြတ်ရဲ့ နေပြည် တော်ကြီးနဲ့ ယှဉ်လိုက်ရင် အသေးအဖွဲ ဖြစ်သွားရောမဟုတ်လား”

ထိုသို့ အတွေးပေါက်သွားမိသော ဦးသန်းရွှေက “ဟင်း ... ဟင်း၊ မင်းတုန်းမင်းလောက်တော့ သနားတယ်” ဟု ပါးစပ်မှ ရေရွတ်မိလေသည်။ ထိုစဉ် အမှောင်ထဲမှနေ၍ ...

“ဟေ့ကောင် ... သန်းရွှေ၊ မင်းနဲ့ငါနဲ့ မိန်းမစွံတဲ့နေရာကော ပြိုင်မလားကွ” ဟူသော မင်းတုန်းမင်းတရားကြီး၏ အောင်မြင်ခံ့ညားလှသည့် အသံကြီး ထွက်ပေါ်လာပေရာ တယောက်တည်းရှိသော မိန်းမကိုတောင် သူများ အကျ ယူထားရသည့် ကျွန်ုပ်တို့၏ မင်းတြားကြီး ဦးသန်းရွှေခမျာ ဇက်ပု၍သွားရပါတော့သည်။

Credit To : drlunswe

မတရားမလုပ်ကြပါနဲ့

မတရားမလုပ်ကြပါနဲ့ (ဆရာတော် ဦးပညာသီဟ)



To Download

Credit To : demowaiyan

သာသနာတော်ကို စော်ကားသူ တစ်ယောက်၏ နောင်တ

သာသနာတော်ကို စော်ကားသူ တစ်ယောက်၏ နောင်တ (ဆရာတော် ဦးပညာသီဟ)

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄) 
Credit To : demowaiyan

ကျန်းမာရေး အတွက် နည်းလမ်းများ

သင်္ဘောသီး အစွမ်း
သင်္ဘောသီးဟာ အာဟာရဓာတ်ပေါတယ်။ အဆီကင်းတယ်။ အစာချေရာမှာ အထောက်အကူ ပြုပါတယ်။ အရွယ်အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ သင် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် စီ ရဲ့ ၂၅၀-ရာခိုင်နှုန်း၊ Folate ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။

 အပြုံးလေ့ကျင့်စဉ်
စိတ်အနှောင့်အယှက်တခုခု ကြုံရတဲ့အခါ၊ ဒေါသထွက်ရတဲ့အခါ၊ ပင်ပန်း နွမ်းနယ်နေတဲ့အခါ အပြုံးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
- မတ်တတ်ရပ်ပါ။
- ပခုံးတွေကို လျှော့ချထားပါ။
- အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်ခုံးတွေ မြင့်တက်သွားတဲ့အထိ ပြုံးလိုက်ပါ။
နားနှစ်ဖက်ပါ ဘေးကို ဆန့်ထွက်သွားသလို ခံစားရပါလိမ့်မယ်။
- စက္ကန့် ၃၀-လောက်ကြာတဲ့အထိ ပြုံးနေတဲ့ ပုံစံ လုပ်ထားပါ။ စိတ်သောကတွေ အနည်းနဲ့အများ ဆိုသလို ပြေပျောက်သွားပါလိမ့်မယ်။

ရင်သွေးလေးတွေ အသီးအရွက် ပိုစားဖြစ်အောင်
ဟင်းသီးဟင်းရွက်တွေဟာ လူကြီးလူငယ်မရွေး ကျန်းမာရေးအတွက် အထူးကောင်းမွန်တာမို့ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲကို အသီးအရွက် တတ်နိုင်သလောက် များများဝင်အောင် ကျွေးပေးရပါမယ်။

- မနက်စာစားချိန်မှာ လတ်ဆတ်တဲ့ သစ်သီးစိတ် တစိတ်ကျွေးပါ။

- အသီးခြောက်တွေလည်း ကျွေးပါ။ အသီးခြောက် ပန်းကန်လုံးတ၀က်လောက် ကျွေးခြင်းဟာလည်း ထိုက်သင့်သလောက်တော့ အာဟာရဖြစ်စေပါတယ်။

- ရေခဲသေတ္တာထဲထည့်ထားတဲ့ ဟင်းသီးဟင်းရွက်အေးတွေကို ခေါက်ဆွဲပြုတ်တို့၊ ဟင်းချိုတို့ထဲ ထည့်ပြုတ်ပြီး ကျွေးပါ။ ဒါမှမဟုတ် သီးသန့်ကြော်ပြီးပဲကျွေးကျွေး၊ ပီဇာနဲ့ဆင်းဒ၀စ် မုန့်တွေထဲ ထည့်ကျွေးကျွေး နှစ်သက်သလို အသုံးချလို့ ရပါတယ်။

-စည်သွတ်ဘူးထဲထည့်ထားတဲ့ အသီးအရွက်တွေဟာလည်း (Expire date မလွန်ရင်ပေါ့) လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေနီးပါး အာဟာရဖြစ်ပါတယ်။

- ဗီတာမင် စီ အတွက်ကတော့ ရေ၊ ဒါမှမဟုတ် လက်ဖက်ရည်အေးထဲ သံပုရာရည် သို့မဟုတ်-ရှောက်ရည်ညှစ်ပြီး သောက်ခိုင်းပါ။

- ဖျော်ရည်ပုလင်းတွေ တိုက်မယ့်အစား လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေ သောက်ခိုင်းပါ။

အာလူးကြော်နဲ့ ဗီတာမင် စီ
အာလူးဟာ လိမ္မောသီးထက် ဗီတာမင် စီ ကြွယ်ဝပါတယ်။ ဒါပေမဲ့ အာလူးချောင်းကြော်ဆိုရင်တော့ အဆီဓာတ်များစွာပါဝင်တဲ့အတွက် နေ့စဉ်စားဖို့မသင့်ပါဘူး။ လက်သီးဆုပ်အရွယ် အာလူးတလုံးကို အကြွပ်ကြော်ထားတဲ့အကြော်မှာ အဆီ ၁၈-ဂရမ် ပါဝင်ပါတယ်။ တကယ်လို့ အာလူး အဲဒီအရွယ်ကိုပဲ ထောင်းပြီး ထောပတ်တို့ နို့တို့နဲ့ ကြော်ရင်တော့ အဆီ ၃-ဂရမ် ပါဝင်ပါတယ်။ Polyunsaturated ဆီတွေ သုတ်ပြီး မီးကင်ထားတဲ့ အာလူးဆိုရင် ဆီ ၅-၁၀ ဂရမ်အထိ ပါဝင်ပါတယ်။ မီးဖုတ်ထား၊ ပြုတ်ထား၊ ပေါင်းထားတဲ့ အာလူးမှာတော့ အဆီဓာတ် လုံးဝမပါဝင်ပါဘူး။ အဆိုးဆုံးကတော့ အာလူးပါးပါးလှီးကြော်ပါပဲ။ သူ ၁၀၀-ဂရမ်စားမိရင် ဆီ ၃၀-ဂရမ် သင့်ဝမ်းထဲရောက်သွားပြီဆိုတာ သတိပြုသင့်ပါတယ်။

ကလေးငယ်နဲ့ စာအုပ် 
ငယ်ငယ်လေးကတည်းက စာအုပ်တွေနဲ့ အကျွမ်းတ၀င်ဖြစ်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စာရေးတာ၊ ဖတ်တာ၊ ဂဏန်းတွက်တာ တခြားကလေးတွေထက် ပိုကောင်းတယ်လို့ ယူနိုက်တက်ကင်းဒမ်းက သုတေသနပြုချက်တွေအရ သိရှိရပါတယ်။

ဒါကြောင့်
- သင့်ကလေးငယ်ကို စာဖတ်ပြဖို့ အချိန်သတ်သတ် ဖယ်ထားပါ။

- ဖတ်ပြတဲ့အခါ ကလေးသဘောကျအောင် ရီစရာတွေ ဖန်တီးပါ။ ဖတ်ပြတဲ့အသံ၊ မျက်နှာ အမူအရာ အမျိုးမျိုး လုပ်ပြပါ။

- ကလေး ခြောက်လသားအရွယ်လောက် ဆိုရင်ကို ဖတ်ပြလို့ရပါပြီ။ ကလေးတွေက အရုပ်လေးတွေ ကြည့်တာ၊ ထူးထူးဆန်းဆန်းအသံတွေ နားထောင်တာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားပါတယ်။

- အိပ်ရာဝင်ခါနီးတိုင်း စာအုပ်တအုပ် ဖတ်ပြပါ။ အိပ်ခါနီးဖတ်ဖို့ စာအုပ်အများကြီး ပုံထားတာတော့ မဖြစ်ပါစေနဲ့။

(လိုက်ဖ်စတိုင်းလ် ၂၀၀၁-ခု ဖေဖော်ဝါရီလ)

Credit To : mawluu

Saturday, 28 May 2011

စကားကြီး ၁၀-မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဆုပ်ဖြင့် ဆုပ်သိမ်းကာ တံဇဉ်ဖြင့်အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် (ကောက်ပင်ရိတ်လှီး ပြောနည်း ) မည်၏။ သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။

၃။ ရေစီးဖောင်ဆန် ပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ-ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် (ရေစီးဖေညင်ဆန် ပြောနည်း ) မည်၏။ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က ( အဆွေတော် ) ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီ သားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။

၎။ အိုးတန် ဆန်ခတ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် ( အိုးတန် ဆန်ခတ် ပြောနည်း) မည်၏။ သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်-ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၅။ ဆီပွတ် ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသောစကားကို အထပ်ထပ် ပြောဆိုခြင်းသည် ( ဆီပွတ်ကျည်ပွေ့ ပြောနည်း ) မည်၏။ ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း။ ရှားနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း-ဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၆။ ဆင်ဝှေ့ ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ( ဆင်ဝှေ့ရန်ရှေင် ပြောနည်း ) မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို သာဓက ထုတ်အပ်၏။

၇။ တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် (တောင်သူ ယာခုတ် ပြောနည်း ) မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်ပညာ ဘယ်ဟာက-မြတ်သည် ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။

၈။ ကြက်ဆုတ် ခွပ်ပစ် ပြောနည်း
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သ၍ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် ( ကြက်ဆုတ် ခွပ်ပစ် ပြောနည်း ) မည်၏။ က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီးဦးပေါဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။

၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် ( ရေစစ်ပမာ စကားပြောနည်း ) မည်၏။ သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။

၁၀။ ခက်တင် မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်တကျ ပြောဆိုခြင်းသည် ( ခက်တင် မောင်းနင်း ပြောနည်း ) မည်၏။ ဤသူ ငါ့တူ-မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။ စကားကြီး ၁၀-မျိုးအကြောင်း ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါကုန်။

( အောင်ပွဲရ ကဗျာ )
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

Credit To : mawluu

ဆိုင်းဘုတ် သုံးခု

၁။
သင့်မေတ္တာဖြင့် သင့်ရွာ အကျိုးကို သယ်ပိုးပါ။
သင့်အကြင်နာဖြင့် သင့်ရွာ သာယာအောင် ပြုပါ။
သင့်ပညာဖြင့် သင့်ရွာ အမြင်ကျယ်အောင် လုပ်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။

၂။
သင့်ကြိုးစားမှုဖြင့် သင့်ရွာ ဖွံ့ဖြိုးရေးကို ကူညီပါ။
သင့်သည်းခံမှုဖြင့် သင့်ရွာ ညီညွတ်မှုကို အားပြုပါ။
သင့်သီလဖြင့် သင့်ရွာ လုံခြုံမှုကို စောင့်ရှောက်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။

၃။
သင့်ကို သတ်ရင် သင် ကျေနပ်နိုင်မလား။
သင့်ဥစ္စာကို ခိုးရင် သင် ကြိုက်နိုင်မလား။
သင့်သမီးနဲ့ ဇနီးကို ဖျက်ဆီးရင် သင် သဘောတူနိုင်မလား။
သင့်ကို လိမ်ညာရင် သင် လက်ခံနိုင်မလား။
သေရည်အရက်ကို သောက်ပြီး သင့်ကို ရမ်းကားရင် သင် နှစ်ခြိုက်နိုင်မလား။
ဒါတွေကို စဉ်းစားကာ ကိုယ်ချင်းစာ၍ ရှောင်ကြဉ်ပါ။

Credit To : mawluu

သုယုတ်မာ

သူမခေါ်ဘဲလျက် သူ့အိမ်သို့ သွားဖန်များသောသူ၊
သူမမေးဘဲလျက် များစွာပြောချင်သူ၊
မိမိကိုယ်ကို ၀ါကြွားပလွှားတတ်သူ၊
ဤ ၃-မျိုးသည် သူယုတ်မာလက္ခဏာ မည်၏။

(လောကနီတိ)

Credit To : mawluu

အဆွေခင်ပွန်းကောင်း

အကြင်သူသည် စည်းစိမ်ဥစ္စာ ပြည့်စုံသောအခါ၌လည်းကောင်း၊
စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ၌လည်းကောင်း၊
ငတ်မွတ်ခေါင်းပါးသော အခါ၌လည်းကောင်း၊
ရန်သူနှင့် ရင်ဆိုင်တိုက်နေရသော အခါ၌လည်းကောင်း၊
မင်းအိမ်တံခါးဝ တရားစီရင်ရာသို့ ရောက်သောအခါ၌လည်းကောင်း၊
သုသာန်သင်္ချိုင်းသို့ ရောက်သောအခါ၌လည်းကောင်း၊
မိမိနှင့်အတူတကွ ရပ်တည်လာ၏။
ထိုသူသည် အဆွေခင်ပွန်းကောင်းပင် ဖြစ်၏။

စွယ်စုံနီတိကထာ
(ချောင်းဦး မောင်စန္ဒာ)

Credit To : mawluu

အပျိုစင်တို့ သိသင့်သမျှ

အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။

သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေးရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲမှာ အိမ်မှာပဲ နေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေးတက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာမျိုး ဖြစ်တာပေါ့။

ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ် ရှားတယ် ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်းရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့် နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။

စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား

ချစ်သူတွေ့ဖို့အခြေအနေဆိုတာ ကိုယ်ကျင်လည်နေတဲ့ ဝန်းကျင်ကပဲ ဖန်တီးပေးတာပါ။ ဒါကြောင့် ကိုယ့်ဘဝလက်တွဲဖော် တွေ့နိုင်မယ့် နေရာဟာ အများဆုံးဖြစ်နိုင်ခြေရှိတာက ကိုယ်ကျင်လည်နေရတဲ့ ဝန်းကျင်ပါပဲ။ ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်က တွေ့ရမယ့် ကိုယ့်ဘဝ လက်တွဲဖော်ကို မတွေ့ဆုံခင်မှာ ကြိုစဉ်းစားပါ။ တသက်တာ လက်ခံမြတ်နိုးမယ့်သူ ဖြစ်ပါ့မလားဆိုတာ၊ ချစ်ပြီးမှဆို ခွဲကြဖို့ ခက်ပါတယ်။ မသင့်လို့ ခွဲမယ် ဆိုဦးတော့ အပျိုစင်ရဲ့ ဂုဏ်သိက္ခာဟာ အတိုင်းအတာတခုထိ ကျဆင်းသွားပါပြီ။ ဒါကြောင့် ငွေမရှိဦးတော့ ဂုဏ်သိက္ခာရှိမယ့် အမျိုးသားမျိုး တွေ့နိုင်ဖို့ ခက်ခဲတဲ့ဝန်းကျင်မှာများ ကိုယ်ကရောက်နေပြီ ဆိုရင်တော့ ကိုယ့်နောင်ရေးအတွက် ရင်လေးစရာကောင်းတဲ့ ဝန်းကျင်ကနေ အမြန်ဆုံး ရုန်းထွက်ပါ။ ခဏ ဝင်နားတာပါ၊ ဝင်ငွေကောင်းလို့ အရက်ဆိုင်ပေါက် ဈေးရောင်းတာပါ ဆိုပေမယ့် အဲဒီ ခဏအတွင်းမှာ တဘဝလုံး အဲဒီနေရာမှာ မြဲသွားဖို့ အကြောင်းဖန်လာနိုင်တယ်လေ။

ဒါကြောင့် ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်ကို ပထမဆုံး သတိထားပါ။ကိုယ်ကျင်လည်ရတဲ့ ၀န်းကျင်မှာ တွေ့ရမယ့်သူဟာ ဘ၀တသက်တာ လက်တွဲဖို့ မသင့်ဘူးလို့ ယူဆရင် သတိနှင့် နေပါ။ သံယောဇဉ်ဖြစ်ပြီးမှ အဖြတ်ရခက်ပါတယ်။

ခုလိုပြောတဲ့အတွက် ၀န်းကျင် ကောင်းရင် လူကောင်းနဲ့ တွေ့မယ်။ ၀န်းကျင်မကောင်းရင် လူကောင်းနှင့် မတွေ့နိုင်ဘူး ဆိုတာက ရာနှုန်းပြည့် မှန်တဲ့ ကောက်ချက်တော့ မဟုတ်ပါဘူး။ အလွန့်အလွန်နည်းတဲ့ ရာနှုန်းလေးလောက်တော့ မလိုလားစရာ ၀န်းကျင်မှာ လူကောင်းရှိနိုင်သလို သန့်စင်တဲ့ ၀န်းကျင်မှာလည်း မလိုလားစရာ လူကို တွေ့နိုင်ပါတယ်။ ဒီလိုအဖြစ်တွေကိုတော့ ဥပုသ်စောင့်တဲ့ ကျား-ရှာရသလို ဆွမ်းဆန်ထဲ ရောတဲ့ ကြွက်ချေးတွေ့ရသလို-လို့ ခိုင်းနှိုင်းရမလိုပါပဲ။ ကောင်းတဲ့ဝန်ကျင်ကို ရွေးချယ်ပါ။ ရပ်တည်ပါ ဆိုတာကတော့ အများဆုံး ဖြစ်နိုင်ချေရှိတဲ့ လူကောင်းများ စုဝေးရာမို့ အကြံပြုရတာပါ။

ဝန်းကျင်ရွေးပြီးရင် ကိုယ့်ရဲ့အနေအထားကို သတိပြုရပါမယ်။ မိန်းကလေး အတော်များများက ကိုယ့်ထက်သာတာ၊ ကိုယ့်ထက်မြင့်တာ၊ ဆိုတဲ့ စကားလုံးထက် လေးစားတဲ့၊ အထင်ကြီးတဲ့ စိတ်အပေါ် အခြေခံပြီး ချစ်သူရှာကြတာ များပါတယ်။ ဒီနေရာမှာ တချက်စဉ်းစားပါ။ ယောက်ျားလေးကလည်း ကိုယ့်လိုပဲ အထင်ကြီးမှု လေးစားမှု တစုံတရာအပေါ်မှာ အခြေခံပြီး ချစ်သူရှာမယ်ဆိုတဲ့ အချက်ပါပဲ။ ငွေဘယ်လောက် ချမ်းသာနေပါစေ၊ အကျင့်စာရိတ္တ မကောင်းဘူးလို့ နာမည်ပျက်နေရင် ဘယ်ယောက်ျားလေးကမှ ဘ၀တသက်စာ လက်တွဲဖို့အတွက် စိတ်ဝင်စားမယ် မဟုတ်ပါဘူး။

ဒီတော့-
ပတ်ဝန်းကျင်ကောင်းကို ရောက်နေတယ် ဆိုရင်၊ ရွေးချယ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာကိုပါ လေးစားခြင်း ခံရအောင် အနေအထိုင် ထိန်းသိမ်းရပါလိမ့်မယ်။ ကြွက်ပုံပြင်လိုပေါ့၊ ကြွက်မလေး ဘယ်လောက် ချောချော၊ ဘယ်လောက်ပဲ အမြင့်ကို မှန်းမှန်း နောက်ဆုံးတော့ ကြွက် ကြွက်ချင်း ညားတာပါပဲ။ စဉ်းစားကြည့်ဖို့ပါ။ တွေးကြဖို့ပါ။ ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော်ဆိုတာ ခဏလေးဆိုတဲ့ အချိန်အတွင်း မသေမချင်း ပေါင်းသင်းနေထိုင်ရမယ်ဆိုတဲ့ သတိနဲ့ ချစ်ရေး ဆိုခံရတာနဲ့ စဉ်းစားပါ။ အလေးထားပါ၊ ဘယ်နေရာမှာ တွေ့တာလဲ။

အဲဒီနေရာမှာ ကိုယ့်ဘ၀ကို စောင့်ရှောက်မယ့်သူ အားကိုးရမယ့်သူ တွေ့နိုင်ပါ့မလားဆိုတာ တွေ့ဆုံရတဲ့ ၀န်းကျင်ဟာ ချစ်သူ ရွေးတဲ့ဆီမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ပါ။

( ကံချွန် )
(အပျိုစင်-၂၀၀၅-အောက်တိုဘာလ)

Credit To : mawluu

အိမ်ရှင်မများအတွက် နည်းလမ်းကောင်းများ

အသုံးအဆောင်များ-

မကွေးတဲ့ သံ-
သစ်သားထဲ သံရိုက်သွင်းရာမှာ သံများကွေးကောက်မသွားစေရန် ဆပ်ပြာခဲတစ်တုံးထဲ အရင်ဖိသွင်းပြီးမှ အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ကြယ်သီးခိုင်ခိုင်-
အ၀တ်ပေါ်မှာ ကြယ်သီးသစ်တလုံး ချုပ်ပြီးတိုင်း လက်သည်းအရောင်တင်ဆီကို အပ်ချည်ပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် ကြယ်သီးခိုင်ခိုင်လေးများ ရနိုင်ပါတယ်။

ကြေးအရောင်တင်-
ကြေးပန်းအိုးများ၊ အသုံးအဆောင်များကို တောက်ပလာတဲ့အထိ ပွတ်တိုက်ပါ။ ပြီး ဆပ်ပြာရည်နွေးနွေးနဲ့ ဆေးကြောကာ ခြောက်သွေ့သွားအောင် သုတ်ပေးပါ။ ပြီးနောက် မီးသိုင်းပါတဲ့ အရက်ပျံ (Methylate Spirit) နဲ့ သုတ်လိမ်းပေးပါ။ နောက်ဆုံး ယွန်းဆေးအကြည် (Clear Lacquer) တထပ်သုတ်ပါ။ တနှစ်စာ တောက်ပြောင်နေမယ့် ကြေးပန်းအိုးပါပဲ။

ပုလဲသန့်သန့်-
ပုလဲအစစ်များကို ရေငန်ငန်နဲ့ဆေးပြီး သန့်စင်နိုင်ပါတယ်။ ခြောက်သွေ့သွားတဲ့အခါ ကတ္တီပါစနဲ့ ပွတ်တိုက်ပေးခြင်းဖြင့် ဖိတ်ဖိတ်လက်နေတဲ့ ပုလဲကို ရနိုင်ပါတယ်။


မီးဖိုချောင်ထဲမှာ-

မုန်လာဥနီ အခွံချွတ်နည်း-
မုန်လာဥနီများကို ရေနွေးဆူဆူထဲမှာ သုံးမိနစ်ကနေ ငါးမိနစ်ထိ ထည့်ထားပါ။ ပြီးနောက် ရေအေးအေးထဲမှာ စိမ်လိုက်ခြင်းဖြင့် အခွံကွာကျသွားပြီးတဲ့ မုန်လာဥနီကို ရနိုင်ပါတယ်။

ပန်းသီးနီနီ မညိုလေအောင်-
အခွံသင် လှီးဖြတ်ထားတဲ့ ပန်းသီးချပ်များ ညိုပြီး နွမ်းမသွားရအောင် လှီးပြီးတာနဲ့ သံပုရာသီးအနည်းငယ် ညှစ်ပြီး သို့မဟုတ်-ဆားနည်းနည်းဖြူးပြီး ကာကွယ်နိုင်ပါတယ်။


သန့်ရှင်း လျှော်ဖွပ်ရေး-

ပီကေ ဒုက္ခ-
သင့်အ၀တ်အစားမှာ မတော်တဆ ပီကေ ကပ်မိသွားပါက ပီကေပေါ် ရေခဲတင်ပြီး ဒါမှမဟုတ်-အဆိုပါ အ၀တ်ကို ရေခဲသေတ္တာတွင်း ထည့်ခြင်းဖြင့် မာကျောသွားပါစေ။ ပြီးနောက် ပီကေကို အသာခြစ်ထုတ်ပစ်လိုက်ပြီး စွန်းနေတဲ့နေရာကို ဆပ်ပြာရည်၊ ဆပ်ပြာခဲ ခပ်ထူထူဖို့ပါ။ ရေနွေးပူထဲ ကျင်းလိုက်ပြီး ပုံမှန်အတိုင်း လျှော်ဖွပ်လိုက်ပါ။

မှိုတက်တတ်တဲ့ ရေခဲသေတ္တာ-
ရေခဲသေတ္တာရဲ့ ရာဘာလိုင်နင်တွေဟာ မှိုကြိုက်ဧရိယာများ ဖြစ်ပါတယ်။ သွားပွတ်တံအဟောင်း တချောင်းနဲ့ သွားတိုက်ဆေးကိုသုံးပြီး မှိုနဲ့ဖုန်များကပ်နေတဲ့ လိုင်နင်ကို တိုက်ချွတ်ဆေးကြောပါ။ ရှာလကာရည် သို့မဟုတ်-သံပုရာရည်ကို အ၀တ်စနှင့် တို့ပြီး သန့်ရှင်းပြီး လိုင်နင်ပေါ်တွင် သုတ်လိမ်းပါ။

ကော်လာပေါ်က နှုတ်ခမ်းနီ-
ကော်လာပေါ်မှာ ပေကျံသွားတဲ့ နှုတ်ခမ်းနီကို နွားနို့ထဲမှာ နာရီဝက်ခန့် စိမ်ပြီး ဆပ်ပြာရည်နွေးနွေးနဲ့ လျှော်ဖွပ်ခြင်းဖြင့် လက်စဖျောက်နိုင်ပါတယ်။

လက်လက်ထ ကြမ်းပြင်-
တိုက်ဆေးပြီးသား ကျောက်ပြားကြမ်းပြင်များ၊ ကြမ်းခင်းကျောက်ပြားများ မှိန်နေတတ်တာ သတိထားမိကြမှာပါ။ ထမင်းစားဇွန်း နှစ်ဇွန်းစာ ရှာလကာရည်ကို ရေပုံးငယ်တပုံးနဲ့ရောပြီး နောက်တထပ် တိုက်လိုက်ပါ။ လက်ထနေတဲ့ ကြမ်းပေါ်ကို မှန်ကြည့်ရသလို တောက်ပကြည်လင်နေတာ တွေ့ပါလိမ့်မယ်။

Ref; Motherhood Magazine.
ရှယ်လီ (ရူပ)

Credit To : mawluu

အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ -ဆရာချစ်ဦးညို (UAE)



Download

4shared


Mediafire

Multiupload
Credit To : ချမ်းလင်းနေ

ပျော်ရာမှာမနေ တော်ရာမှာနေ - ဆရာအော်ပီကျယ် (UAE)



Download
4shared

Mediafire

Multiupload

Credit To : ချမ်းလင်းနေ

ဆီးချို

ဆီးချိုသွေးချိုရောဂါဟာ ခန္ဓာကိုယ်တွင်းရှိ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ မထုတ်လုပ်နိုင်၍၎င်း၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းအား ထိရောက်စွာအသုံးမချနိုင်၍၎င်း၊
သွေးအတွင်းအချိုဓါတ်(Glucose)မြင့်တက်၍ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများ အချိန် နှင့်အမျှချို့ယွင်းပျက်စီးစေသော ရောဂါဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ သက်သာစေ၇န် ……
  • သင့်တော်သည့်အစားအစာများကို ရွေးချယ်၍ ဆင်ဆင်ခြင်ခြင် စားသုံးခြင်း၊
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊
  • ကယ်လိုရီစားသုံးမှု လျှော့ချခြင်း နှင့်
  • ကိုယ်အလေးချိန် လျှော့ချခြင်း တို့ဖြစ်ပါတယ်။
ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် ဂလူးကို့စ်သကြားကို ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ပေး နိုင်သည့်အစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။ အစာတစ်မျိုးကိုစားသုံးလိုက်ပြီးနောက် ထိုအစာတွင်ပါဝင်သည့် ကစီဓါတ်(carbohydrate)များသည် ဂလူးကို့စ် (Glucose)အဖြစ် သွေးအတွင်း၌ မည်မျှုမြန်မြန်နှင့်များများ ရောက်ရှိသွားသည်ကိုတိုင်းတာသည့် ယူနစ်တစ် ခုမှာ “Glycaemic Index” ဖြစ်ပါတယ်။ Glucose ၏ Glycaemic Index ကို ၁၀၀ ဟူ၍ စံထားပြီး အစားအစာအမျိုးမျိုး၏ သွေးအတွင်းသကြားဓာတ် မြင့်မားစေသည့်နှူန်း Glycaemic Index ကိုဖော်ပြလေ့ရှိပါတယ်။Glycaemic Index မြင့်ခြင်းသည် သွေးအတွင်း သကြားဓာတ်မြင့်တက်နှူန်းမြန်ဆန်သည့် အဓိပ္ပါယ်ဖြစ်ပြီး Glycaemic Index နိမ့်ခြင်းသည် သွေးအတွင်းသကြားဓာတ် မြင့်တက်နှူန်း နှေးကွေးသည့်အဓိပ္ပါယ် ဖြစ်ပါတယ်။

အစားအစာများကိုရွေးချယ်ရာတွင် -----
  • Glycaemic Index နိမ့်သောအစာများကို ရွေးချယ်တတ်ဖို့လိုပါမည်။
  • အစားအစာနှစ်မျိုးသည် Glycaemic Index ချင်းတူနေလျှင် အစားအစာ၌ပါဝင်သည့်
    ကစီဓါတ်(carbohydrate)ပမာဏ ကိုကြည့်၍ ကစီဓါတ်(carbohydrate)နည်းသော
    အစာကို ရွေးရပါမည်။
Glycaemic Load
Eg. အစားအစာတစ်မျိုး၏ Glycaemic Index = 70
ထိုအစားအစာ 100g တွင် carbohydrate 40g ပါလျှင်
Glycaemic Load= Glycaemic Indexxအစာတွင်ပါ ၀င်သည့် carbohdrate အလေးချိန်/အစာ၏စုစုပေါင်းအလေးချိန်

= 70x40/100

= 28




























































အစားအစာGlycaemic IndexGlycaemic Load
ကောက်နှံများ
ဆန်ဖြူ (Instant)၈၇၃၆
ဘာစမာတီဆန် (Basmati)၅၈၂၂
ဆန်လုံးညို၅၀၁၆
ခေါက်ဆွဲ (Instant)၄၇၁၉
ပေါင်မုန့် (White Bread)၇၀၁၀
ပေါင်မုန့် (Whole wheat Bread)၇၇
သစ်ဥသစ်ဖုများ
အာလူး (Microwaved)၈၂၂၇
အာလူး (မီးဖုတ်)၈၅၂၆
အာလူးကြော်၇၅၂၂
အာလူးပြုတ်၈၈၁၆
ကန်စွန်းဥ၆၁၁၇
မျောက်ဥ (Yam)၃၇၁၃
မုန်လာဥနီ (Carrot)၄၇
ပဲဆန်အမျိုးမျိုး
ကုလားပဲ၂၈
ပဲကတ္တီပါ၂၈
ပဲထောပါတ်၃၁
ပဲနီလေး (Lentil)၂၉
ပဲပုတ်၁၈
သစ်သီးအမျိုးမျိုး
ငှက်ပျောသီး၅၁၁၃
သင်္ဘောသီး၅၉၁၀
သရက်သီး၅၁
စပျစ်သီး၄၆
နာနတ်သီး၅၉
ပန်းသီး၃၈
လိမ္မော်သီး၄၈
ဆီးသီး၃၉
ဖရဲသီး၇၂
သစ်တော်သီး၃၈
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ဆီ၆၁၃၃
ဒိန်ချဉ်(Yogurt,Low Fat)၃၃၁၀
ရေခဲမုန့်၆၁
နို့(အဆီထုတ်)၃၂
နို့၂၇
သကြားအမျိုးမျိုး
ဂလူးကို့စ်(Glucose)၁၀၀၁၀
ပျားရည်၅၅၁၀
ကြံသကြား(Sucrose)၆၈
နို့သကြား(Lactose)၄၆
သစ်သီးသကြား(Fructose)၁၉
အချိုရည်အမျိုးမျိုး
လင်မနစ်(Lemonade)၆၆၁၃
လိမ္မော်ရည်၅၂၁၂
ပန်းသီးဖျော်ရည်၄၀၁၂
ကိုကာကိုလာ၆၃

ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု(၃)မျိုး
ကို လိုက်နာစားသုံးသင့်ပါတယ်။ 

(၁) လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
ဂလူးကို့စ်၊ သကြား၊နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့်ပြုလုပ်ထားသော
အစားအစာများ၊
(၂) အသင့်အတင့်သာစားသုံးနိုင်သော အစားအစာများ
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စသည့် ကစီဓါတ်များသော အစာများ၊
ချိုသောအသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် ၄င်းတို့ဖြင့် ပြုလုပ်ထားသောအစားအစာများ၊
(၃) ဆန္ဒရှိသရွေ့ စားသုံးနိုင်သော အစားအစာများ
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ အရွက်များစသည်တို့ကို စားသုံး
နိုင်ပါတယ်။
 
ဒေါက်တာ ၀င်းသိန်း
 
Credit To : မော်လူး

ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာ

(၁) စိတ်ကြိုက်စားနိုင်သောအစားအစာများ

(က) သကြားဓါတ် (ခေါ်) ကစီဓါတ် အလွန်နည်းသည့် အစားအစာ၊ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ဒန့်ဒလွန်သီး၊ ရှောက်သီး၊ ဂေါ်ရခါးသီး၊ သံပုရာသီး၊ ကြောင်လျှာသီး၊ ဗူးညွှန့်၊ ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ သင်္ဘောရွက်၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်း၊ မြင်းခွာရွက်၊ ရဲယိုရွက်၊ ပဒတ်စာ၊ ပဲပင်ပေါက်၊ မှို၊ မျှစ်၊ မုံလာဥ၊ မုံညင်း၊ နံနံပင်၊ ရှမ်းနံနံ၊ ဟင်းနုနွယ် စသည်များ
 

(ခ) ဟင်းခတ်မဆလာ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှာလကာရည်၊ ဂျင်းစိမ်း၊ မိတ်သလင် စသည်များ

(ဂ) ကော်ဖီ၊ လက်ဖက်ရည် (နို့ဆီ နှင့် သကြား လုံးဝ မထည့်ရပါ) ဆေးသကြား (Equal, Saccharin) သုံးနိုင်ပါသည်။


(ဃ) အသားအမျိုးမျိုး၊ ကြက်သား၊ ငါး၊ ပုဇွန်၊ အမဲသား စားနိုင်ပါသည်။
အဆီများသော ဝက်သား၊ ဘဲသား၊ ဆိတ်သား စသည်တို့ကို ဆရာဝန် ညွှန်ကြားသည့်
အတိုင်း စားသုံးရပါမည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့ကို အသင့်အတင့်
စားသုံးနိုင်ပါသည်။

(၂) ဆရာဝန်ညွှန်ကြားသည့်အတိုင်းစားရမည့်အစားအစာများ

(က) ဆန်၊ ဆန်ထွက် ပစ္စည်းနှင့် ပြုလုပ်ထားသော အစားအစာများ၊ ထမင်း၊ ဆန်ပြုတ်၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ကောက်ညှင်း၊ ဆန်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ စသည်များ
(ခ) ဂျုံ၊ ဂျုံထွက်ပစ္စည်းများနှင့် ပြုလုပ်ထားသော အစားအစာများ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ချာပါတီ၊ ပလာတာ၊ ထပ်တရာ၊ အီကြာကွေး၊ နံပြား၊ ဘီစကွတ်၊ ကရက်ကာ စသည်များ
(ဂ) ကစီဓါတ်များသော အစားအစာများ၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ရွှေဖရုံသီး၊ ချိုသော အသီးများ၊ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ ဖရဲသီး စသည်များ

(၃) လုံးဝရှောင်ရမည့်အစားအစာများ

(က) သကြားဓါတ် အလွန်များသော အစားအစာများ၊ သကြား၊ ဂလူးဂို့စ်၊ ကြံသကာ၊ ထန်းလျှက်၊ ယိုစုံ အမျိုးမျိုး
(ခ) သကြားလုံး၊ ချောကလက်၊ အိုက်စကရင်၊ ကိတ်မုန့်၊ ပူတင်း၊
(ဂ) အရက်၊ ဝိုင်၊ ရှာလပတ်ရည်၊ ဘီယာ၊ ဘိလပ်ရည်၊ စည်သွပ်ဗူး၊ အချိုရည် စသည်များ

ဆီးချိုရောဂါသည် ရောဂါဖြစ်မှန်း စတင်သိရှိချိန်မှစ၍ ဆီးချိုထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း မှန်မှန်သောက်ရန် လိုအပ်ပါသည်။ဆီးချိုရောဂါဟာ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အနာကျက်ရန် ခက်ခဲခြင်းမှတစ်ဆင့် ခြေထောက် ဖြတ်ပစ်ရခြင်း၊ မျက်စိကွယ်ခြင်း စသည့် လူမှုဒုက္ခများ ခံစားရရှိနိုင်ပါသည်။ ဆီးချိုရောဂါကို သေသေချာချာ ကုသပါက ဖော်ပြပါ နောက်ဆက်တွဲ ရောဂါဝေဒနာဆိုးများကိုကာကွယ်နိုင်သဖြင့် ထိရောက်စွာ ကုသရန် အရေးကြီးကြောင်း ဝေဒနာရှင်ကိုယ်တိုင် နားလည်ခံယူ လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ 

Credit To : မော်လူး 

ဆီးချိုရောဂါ ကာကွယ်ဖို့

ဆီးချိုရောဂါအတွက် အစားအစာ
နောက်ဆုံး လေ့လာချက်အရ ဆီးချိုအကြိုဖြစ်နေသူ ဒါမှမဟုတ်-ဆီးချိုဖြစ်ခါစ လူနာထက်ဝက်ကျော် တွေကို ဘ၀နေထိုင်မှုပုံစံနဲ့ စားသောက်ပုံစံ ပြေားလဲပေးတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေနဲ့  ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အကြံပေးထားပါတယ်။ နေ့စဉ် လမ်းများများလျှောက်ပါ။ ဗိုက်ပူတာကိုလျှော့ချပြီး ခါးသေးအောင် လုပ်ပေးပါ။ (အ၀လွန်တာဟာ ရောဂါဖြစ်ဖို့ အကြီးမားဆုံး အကြောင်းတခုပါ) လေ့လာမှုတွေအရ တချို့အစာနဲ့ အာဟာရဓာတ်တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ပေးတယ်လို့ သိရှိရပါတယ်။ သင်နေ့စဉ် စားတဲ့အစာထဲမှာ အောက်ပါအစာ ၆-မျိုး ပါဝင်အောင် စားပါ။

၁။ ခရိုမီယမ် လုံလုံလောက်လောက်ရအောင် စားပါ။
အမျိုးအစား ၂-ဆီးချိုရောဂါရှိသူတွေရဲ့ ခန္ဓာကိုယ်တွင်း Cell တွေဟာ အင်ဆူလင်ဟော်မုန်းကို ကောင်းစွာ အသုံးမချနိုင်ပါဘူး။ အင်ဆူလင်ရဲ့ လုပ်ငန်းအနေနဲ့ ဂလူးကို့စ်တွေကို သွေးတွင်းမှ Cellသို့ ရောက်စေပြီး Cell တွေက စွမ်းအင်အဖြစ် အသုံးပြုအောင် လုပ်ပေးတာပါ။ ဆီးချိုရောဂါရှိသူတွေရဲ့ cellတွေဟာ အင်ဆူလင်ကို ခံနိုင်ရည်ရှိသွားပါတယ်။

ခရိုမီယမ်ဟာ ခန္ဓာကိုယ်မှ အင်ဆူလင်ကို အကျိုးရှိစွာ အသုံးပြုဖို့ ကူညီနိုင်ပါတယ်။ လေ့လာမှု ၂၀-ကျော်မှာ  နေ့စဉ် ခရိုမီယမ် ၂၀၀-မှ ၁၀၀၀-မိုက်ခရိုဂရမ် သောက်ပါက သွေးတွင်း သကြားအဆင့်ကို လျှော့ချပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ခရိုမီယမ်ဟာ ၀မ်းဗိုက်မှာ စုနေတဲ့ အဆီနဲ့ ကိုယ်တွင်း အင်္ဂါပေါ်မှ အဆီ (Visceral Fat)တွေကိုလည်း လျှော့ပေးပါတယ်။ ကိုယ်တွင်းအင်္ဂါမှာ အဆီတွေစုနေရင် ဆီးချိုရောဂါအပြင် နှလုံးရောဂါပါ ဖြစ်နိုင်ခြေများလာပါတယ်။

ခရိုမီယမ်ဟာ အစားအသောက်အများစုမှာ ပါဝင်ပေမယ့် ဘယ်မစာမှာမှ အများအပြား မပါဝင်ပါဘူး။ လူတွေရဲ့ ၉၀-ရာခိုင်နှုန်းဟာ ခရိုမီယမ်ကို အစာမှ နေ့စဉ် ၂၅-မိုက်ခရိုဂရမ်သာ ရရှိတတ်ပါတယ်။ ခရိုမီယမ်ဟာ အစိမ်းရောင်ပန်းဂေါ်ဖီ လက်ဖက်ရည်တခွက်စာမှာ ၁၁-မိုက်ခရိုဂရမ်၊ ကောက်နှံတခုလုံးနဲ့ လုပ်ထားတဲ့ ကိတ်မုန့်ဝိုင်း (Muffin) မှာ ၄-မိုက်ဂရိုဂရမ်၊ ကြက်ဆင်ရင်အုံ ၃-အောင်စမှာ ၃-မိုက်ဂရိုဂရမ်၊ ပဲစိမ်းလက်ဖက်ရည် တခွက်စာမှာ ၂-မိုက်ခရိုဂရမ်နဲ့ ငှက်ပျောသီးတလုံးမှာ ၁-မိုက်ခရိုဂရမ်သာ ပါဝင်ပါတယ်။

ဒါကြောင့် ခရိုမီယမ် လုံလုံလောက်လောက်ရအောင် ခရိုမီယမ်ပါဝင်တဲ့ အားဖြည့်ဆေး Chromiumpicolinate ဒါမှမဟုတ်- Chromium histidine တွေ သောက်ပေးပါ။ ဆီးချိုရောဂါ ကာကွယ်ဖို့ နေ့စဉ် ၂၀၀-မိုက်ခရိုဂရမ်၊ ဆီးချိုအကြိုရှိသူတွေ အတွက် အဲဒီထက်နှစ်ဆကို ၆-ပတ် သောက်ပေးပြီးမှ နေ့စဉ် ၂၀၀-မိုက်ခရိုဂရမ်ကို ပြန်သောက်ပေးပါ။
သင် ဆီးချိုရောဂါရှိနေပြီး ဆေးကုသမှု ခံယူနေရပြီး ခရိုမီယမ် သောက်ပါက သင် အသုံးပြုရတဲ့ ဆီးချိုဆေးပမာဏ ပြောင်းလဲသွားနိုင်တဲ့အတွက် ဆရာဝန်နဲ့ အရင်စစ်ဆေးပါ။

၂။ မဂ္ဂနီဆီယမ် မဖြစ်မနေ လိုပါတယ်။
မဂ္ဂနီဆီယမ်ဟာ ကိုယ်တွင်း ဇီဝဓာတုပစ္စည်း ၃၀၀-ကျော်ရဲ့ ထုတ်လုပ်မှု၊ သွေးတွင်း စွန့်ထုတ်မှုနဲ့ အင်ဆူလင်လှုပ်ရှားမှုအပါအ၀င် လုပ်ဆောင်ချက်များကို ထိန်းညှိပေးတဲ့ အဓိကပစ္စည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ၅၀-ရာခိုင်နှုန်းမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေကြပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့ အစာစားရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၄၈-ရာခိုင်နှုန်း လျော့တယ်လို့ လေ့လာမှုများအရ တွေ့ရှိခဲ့ပါတယ်။ မဂ္ဂနီဆီယမ် စားသောက်တာနည်းတဲ့အတွက် ရောဂါဖြစ်နိုင်ခြေ သုံးဆပိုပါတယ်။ ယခင်က မဂ္ဂနီဆီယမ်ဟာ ဆီးချိုရောဂါကို ဘယ်လိုကာကွယ်တယ်ဆိုတာ မသိခဲ့ပေမယ့် ယခုအခါမှာ မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်က ဂလူးကို့စ်ကို ကိုင်တွယ်နိုင်အောင် ကူညီတယ်လို့ ထင်ကြပါတယ်။ ကျွမ်းကျင်သူတွေက မဂ္ဂနီဆီယမ်ကို နေ့စဉ် ၃၂၀-မီလီဂရမ် လိုအပ်တယ်လို့ ညွှန်းဆိုထားပါတယ်။ ဟင်းနုနယ်ချက်ပြီး လက်ဖက်ရည်တခွက်စာ ၁၅၀-မီလီဂရမ်၊ အခွံမာသီး တအောင်စမှာ ၁၀၇-မီလီဂရမ်၊ ပေါင်မုန့်ညိုတချပ်မှာ ၂၆-မီလီဂရမ်၊ မြေပဲထောပတ် စားပွဲဇွန်းတဇွန်းမှာ ၂၅-မီလီဂရမ် ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကို အားဆေးအနေနဲ့ သောက်ရင် ၃၅၀-မီလီဂရမ်ထက် ပိုပြီးမသောက်ပါနဲ့။ ပိုသောက်ခဲ့ရင် ၀မ်းပျက်တတ်ပါတယ်။

၃။ နေ့စဉ် ကောက်နှံတခုလုံး ပါအောင်စားပါ။
ကောက်နှံတခုလုံး အများဆုံးစားနိုင်သူတွေဟာ အခွံချွတ်ပြီးသားကောက်နှံတွေကို စားသူတွေထက် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၂၂-ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ကောက်နှံတခုလုံးမှာ ခရိုမီယမ်နဲ့ မဂ္ဂနီဆီယမ်တွေ များစွာပါဝင်တဲ့အတွက် ဆီးချိုးရောဂါ ကာကွယ်ဖို့ အကြောင်းပြချက်တခုပါ။ ဒါ့အပြင် ကောက်နှံတခုလုံးမှာ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် ဗိုက်ပြည့်တင်းမှု ရစေပါတယ်။ (သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပုံမှန်စစ်ဆေးခြင်းဟာ ဆီးချိုရောဂါ ကာကွယ်ရေးအတွက် အရေးကြီးဆုံး အချက်ဖြစ်ပါတယ်) ဒါ့အပြင် ကောက်နှံတခုလုံးကို အစာချေဖျက်ရာမှာ ပေါင်မုန့်အဖြူလို အခွံချွတ်ပြီးသား အစာတွေထက် ပိုမိုနှေးကွေးပါတယ်။ နေ့စဉ် ကောက်နှံတခုလုံးကို သုံးနပ်စားဖို့ လိုပါတယ်။ နံနက်စာအတွက် ကွေကာအုတ်၊ နေ့ခင်းစာနဲ့ ညနေစာအတွက် ဆန်လုံးညိုတွေ စားပါ။

၎။ ကော်ဖီသောက်ပါ။
နောက်ဆုံးဖော်ပြချက်အရ နေ့စဉ် ကော်ဖီတခွက် သောက်ပါက အမျိုးအစား၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၃-ရာခိုင်နှုန်း လျော့ပေးနိုင်ပြီး နှစ်ခွက်မှ သုံးခွက်ထိ သောက်ပါက ၄၂-ရာခိုင်နှုန်း လျော့ပေးနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့် လျော့သွားရတယ်ဆိုတာ မသိနိုင်ပေမယ့် ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းမဟုတ်တဲ့ အရာတွေကြောင့်လို့ ဆိုပါတယ်။ ဒီအကျိုးကျေးဇူးဟာ ရိုးရိုးကော်ဖီသောက်သူတွေသာမက Decaf လုပ်ထားတဲ့ကော်ဖီမှာလည်း  ရရှိတယ်လို့ ဖော်ပြထားပါတယ်။ ကော်ဖီမသောက်ဘဲ မနေနိုင်သူတွေ အတွက် ဒီဟာက သတင်းကောင်းပါ။ ရောဂါ ပိုကာကွယ်နိုင်အောင်နဲ့ ကော်ဖီမှ ကယ်လိုရီရရှိမှုနည်းအောင် အဆီမပါတဲ့နို့နဲ့ ဖျော်သောက်ပြီး သစ်ကြံပိုးခေါက် ထည့်မွှေပါ။

၅။ သစ်ကြံပိုးခေါက်။
နံနက်စာမှာ လက်ဖက်ရည်ဇွန်း တ၀က်စာ သစ်ကြံပိုးခေါက် ထည့်စားရင် သွေးတွင်းသကြားဓာတ်တွေ လျော့သွားတယ်ဆိုတာ ယုံရခက်ပေမယ့် ဒါဟာ အမှန်ပါ။ သစ်ကြံပိုးစားတာကြောင့် ဆီးချိုလျော့သွား တာကို ဆီးချိုဝေဒနာရှင်တွေအပေါ် ခရိုမီယမ်နည်းတဲ့အစာတွေရဲ့ အကျိုးသက်ရောက်မှုကို Apple pie ကျွေးပြီး ရှာဖွေရင်း မတော်တဆ တွေ့ရှိခဲ့ပါတယ်။ Apple pie မုန့်တွေဟာ အင်ဆူလင်ရဲ့ မကောင်းကျိုးတွေ ပေးမှာပဲလို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်တော်တို့ စမ်းသပ်တဲ့အထဲမှာ ဒီမုန့်ဟာ ဆီးချိုဝေဒနာရှင်တွေအတွက် အကောင်းဆုံးဖြစ်မှန်း သိခဲ့ရတယ်။ ပန်းသီးမှာပါတဲ့ အမျှင်တွေကြောင့်လို့ ကျွန်တော် ထင်မိပါတယ်။ တကယ်တော့ သစ်ကြံပိုးခေါက်ကြောင့်ပါလို့ လေ့လာသူက ပြောပြပါတယ်။ အစပ်စားတွေဟာ ပိန်သူ ဒါမှမဟတု-အ၀လွန်သူတွေ၊ ဆီးချိုအကြိုဝေဒနာရှင်တွေနဲ့ ကိုယ်ဝန်ဆောင်ကြောင့် ဆီးချိုရသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ၂၉-ရာခိုင်နှုန်း လျှော့ပေးတယ်လို့ တွေ့ရှိပြီးဖြစ်ပါတယ်။ (လေ့လာမှုတခုမှာ အမျိုးအစား ၂-ဆီးချိုဝေဒနာရှင်တွေကို ပုံမှန်သွေးတွင်း သကြားဓာတ် ပြန်ရစေတယ်လို့ တွေ့ခဲ့ရပါတယ်) 
သစ်ကြံပိုးခေါက်က အဲဒီအကျိုးကျေးဇူးတွေအပြင် ကယ်လိုရီ အပိုမရရှိခြင်း၊ အရသာချိုခြင်း စတာတွေပါ ရရှိစေပါတယ်။

၆။ ဗီတာမင် D လည်း လိုအပ်ပါတယ်။
လေ့လာမှုများအရ ဗီတာမင် D ချို့တဲ့တာကြောင့် အမျိုးအစား ၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များလာတယ်လို့ သိရပါတယ်။ သွေးတွင်း ၂-ဗီတာမင် D အဆင့် နိမ့်တာဟာ အင်ဆူလင်ထုတ်လုပ်မှု နည်းသွားရုံသာမက Cell တွေကလည်း အင်ဆူလင် ကောင်းကောင်းတုံ့ပြန်မှု မလုပ်နိုင်ဘူးလို့ လေ့လာမှုသစ်တွေအရ သိရပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဗီတာမင် D ထုတ်လုပ်မှု များလာနိုင်ပေမယ့် ကျွမ်းကျင်သူတွေကနေ ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို နေ့စဉ် ၁၀-မိနစ်မှ ၂၀-မိနစ်ထက် မပိုသင့်ဘူးလို့ အကြံပေးထားပါတယ်။ နေရောင်ခြည်နဲ့ ခဏတာတွေ့ရင်တောင် အရေပြား လောင်ကျွမ်းမှုတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေ့စဉ် အစားအသောက်မှ ဗီတာမင် D ကို အနည်းဆုံး 1000 IU ခန့် ရအောင်ယူပါ။ (နွားနို့၊ လိမ္မော်ရည်တွေမှ ရရှိနိုင်ပါတယ်) ဒါ့အပြင် ဗီတာမင် D အားဆေး သုံးဆောင်ပါ။

ဒေါက်တာခင်မိုးမိုး
(အာရောဂျံမဂ္ဂဇင်း ၂၀၀၈-ဇန်န်ဝါရီလ) 


 Credit To: mawluu

Friday, 27 May 2011

အချိန်မကြဘဲ ကြေမွသွားတဲ့ ပန်းတပွင့်

“ ညဏ်လင်းထက်.......”

ရှေ့ကို ထွက်ခဲ့စမ်း ဆိုတဲ့ ဆရာမ စကားသံ အဆုံးမှာ ကျနော်ဟာ မ၀ံ့မရဲ တုန်ရီစွာနဲ့ အတန်းရှေ့ကို ထွက်သွားလိုက်ပါတယ်။

ပုံနှိပ်စာအုပ်ဖိုး နဲ့ ကျောင်းက အလှူအတွက် နင့်ဆီက ငွေမရလို့ တောင်းတာ ဘယ်နှခါ ရှိပြီးလည်း ။ လူလေး ကြည့်တော့ ငါးတန်းဘဲ ရှိသေးတယ် ... ငါ့ကိုတောင် အာခံချင်တာလား ။

" ကျနော့်တို့အိမ်က အဆင်မပြေသေးလို့ မပေးနိုင်သေးတာပါ ဆရာမ... " ဆိုတဲ့ ဖြေရှင်းချက်ကို သိပ်ကြိုက်ပုံမရတဲ့ ဆရာမက ဘာပြောတယ် .....ကျောင်းတော့ ထားပြီး စာအုပ်ဖိုးမှ မတတ်နိုင်ရင်လည်း ကျောင်းမထားချင်နဲ့လို့ နင့်မိဘတွေကို ပြောလိုက်။ ဘယ်လို မိဘတွေလည်း မသိပါဘူး .......... ကျောင်းထားပြီး ကျောင်းက တောင်းတဲ့ငွေတော့ မပေးနိုင်ဘူး........ စိတ်ပျက်ဖို့ တကယ်ကောင်းတယ် ။

နင် ဒီနေ့ တနေကုန် မတ်တတ်ရပ်နေရမယ်....ငါက ထိုင်ဆိုမှ ထိုင် .............. ။ ကဲ ....... အားလုံး စာအုပ်ထုတ်.....

ဆရာမရဲ့ စကားသံ အဆုံးမှာ ကျနော့် အတန်းဖော် သူငယ်ချင်းများရဲ့ စူးစိုက်ပြီး ကြည့်နေတဲ့အကြည့်များကို ရင်မဆိုင်ရဲလို့ မျက်နှာကို ခေါင်းငုံ့ထားရင်းက ကျလာတဲ့ မျက်ရည်များကို သုတ်ပစ်ဖို့တောင် အားမရှိတော့ပါဘူး ။ ဖြစ်နိုင်ရင် ကျနော် ဒီနေရာက ဝေးရာကို ထွက်သွားချင်ပါတယ်..........။ ဒီနေ့ ကျောင်းဆင်းချိန်ကလည်း ကြာလိုက်တာနော် တွေးမိရင်းက ဒုက္ခိတ အဖေနဲ့ ဈေးသည်အမေ ရဲ့ မျက်နှာကို ပြန်မြင်ယောင်ကာ ၀မ်းနည်းစွာ သက်ပြင်း ချကာ ကျောင်းဆင်းချိန်ကိုဘဲ စောင့်စားနေလိုက်ပါတော့တယ်...။

ဒီတခါတော့ အမေ့ဆီ က ပိုက်ဆံရအောင် တောင်းမယ်လို့ စိတ်ကူးနဲ့ ပြန်လာရင်း အိမ်အရောက်မှာ အဖေနဲ့ အမေရဲ့ အသံတိုးတိုးနဲ့ တိုင်ပင်သံကို ကြားမိပါတယ် ။

ရှင် ဒီအတိုင်းဆက်သွားရင်တော့ သိပ်မခံလောက်တော့ဘူး ထင်တယ်နော်......... ဆေးခန်းကို သွားပြပါလား ကိုမြင့်ရယ်.။

မင်းလည်း ငွေရှိတာမှ မဟုတ်ဘဲ မပြချင်ပါဘူး မိန်းမရယ်..........ငွေမပါတဲ့ လူနာကို ဒေါသထွက်နေတဲ့ ကြည့်နေတဲ့ ဆရာဝန်ကို ရင်ဆိုင်ရတာထက် ငါ့ဟာငါဘဲ အသေခံလိုက်ပါတော့မယ်. ကွာ... ဆိုတဲ့ အဖေ့ပြောစကားအဆုံးမှာ အမေဟာ ကျနော်တို့ အိမ်ရဲ့ တခုတည်းသော ပစ္စည်းထိန်းသိမ်းရာ နေရာ သေတ္တာစုတ်လေးကို ဆွဲဖွင့်ကာ သူမတန် မြတ်နိုးတဲ့ ဆွဲကြိုးလေးကို အဖေ့အတွက် အသက်ဆက်နိုင်အောင် ဆေးကုပါရစေလို့ ကြိမ်ကြိမ်တောင်းပန်နေပါတယ် ။

သားသမီးတွေ ပညာရေး အတွက် သိမ်းထားလိုက်ပါ မိန်းမရယ်..........ငါသားလေးလည်း အရွယ်ရောက်နေပြီ ။ သမီးလေးက လည်း ကျောင်းစနေပြီ ဆိုတော့ သူတို့အတွက် အရေးပေါ်ရင် သုံးဖို့ သိမ်းထားလိုက်ပါနော် ။

မိဘ နှစ်ပါးရဲ့ အပြန်အလှန် ပြောဆိုမှုတွေကြောင့် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းလွန်းလို့ ငိုချင်ပေမယ့် ကျစရာ မျက်ရည်ခမ်းခြောက်ခဲ့ရပါပြီ ။

ငွေမပါရင် ကျောင်းမလာနဲ့ ဆိုတဲ့ ဆရာမရဲ့ စကားသံကို ပြန်ကြားမိတိုင်း သောကပွားနေရတဲ့ ကျနော့်ရဲ့ ခံစားချက်ကို မိဘနှစ်ပါးကို ဘယ်လိုနည်းနဲ့မျှ ရင်မဖွင့်ပြလိုတော့ပါဘူး ။

ခြေဦးတည့်ရာ လျှောက်သွားနေရင်း ကျနာ့်အရွယ်ကလေးငယ်တွေ တုတ်လေးတွေ ကိုယ်စီနဲ့ အိတ်တလုံးကို ကိုယ်စီထမ်းကာ အမှိုက်ပုံမှာ ထိုးဆွနေတဲ့ မြင်ကွင်းလေးက တွေ့မြင်နေကြဖြစ်ပေမယ့် တခါမှ မစူးစမ်းမိခဲ့ပါဘူး ။ သိလိုဇောနဲ့ သူတို့ အနား အသာချည်းကပ်ကာ .. မင်းတို့ ဘာလုပ်နေကြတာလည်းကွ.. ဆိုတော့ ကျနော့်ထက် ငယ်ပေမယ့် သွက်လက် ချက်ချာတဲ့ ကောင်လေးက “ အမှိုက်ကောက်နေတာလေ “ ကွာ မင်းကလည်း ဒါများ အထူးအဆန်းမှတ်လို့ ။ ဒီက အမှိုက်ရောက် ရလာတဲ့ စက္ကူ ၊ ပလတ်စတစ် ၊ ဒန်အိုး ၊ ဒန်ခွက်တွေကို ဆိုင်မှာ သွားရောင်းရင် ပိုက်ဆံရတာပေါ့ …။

ပိုက်ဆံ ဆိုတဲ့ စကားလုံးက ကျနော့်ကို များစွာ ဆွဲဆောင်ထားလိုက် သလို ခံစားရလို့.

“ ငါလည်း အဲဒီလို လုပ်လို့ ရလားကွ. “

ရတာပေါ့ကွ ဟု ပြောလျှက် သူကိုင်ထားတဲ့ ဒုတ်လေးနဲ့ လွယ်ထားတဲ့ ပလတ်စတစ်လေးကို ညွှန်ပြကာ ဒီနှစ်ခု ရှိရင် မင်း အလုပ်လုပ်လို့ရပြီတဲ့ ..။

ဒါဆို ငါ မနက်ဖြန် မင်းတို့ဆီ လာခဲ့မယ်ကွာ..

နောက်တနေ့ မနက် အိမ်ကနေ ပုံမှန် အတိုင်း လွယ်အိတ်လွယ်ပြီး ကျောင်းသွားသလို ပုံစံမျိုးနဲ့ ထွက်လာခဲ့ပြီး လွယ်အိတ်ကို စိတ်ချရတဲ့ နေရာမှ ထားခဲ့ပြီး ကျနော့် သူငယ်ချင်းတွေ နဲ့ချိန်းထားရာ နေရာကို သွားခဲ့ပါတယ် ။ သူတို့ အသင့်ပြင်ပေးထားတဲ့ သံချွန်တပ် ဒုတ်လေး တချောင်းနဲ့ မြွေရေခွံအိတ်ကို လွယ်ကာ အမှိုက်ပုံများ ရှိရာနေရာ ၊ လမ်းကြိုလမ်းကြားမှန်သမျှ လှည့်လည်သွားပြီး ငွေရဖို့ ကြိုးစားခဲ့ပါတယ် ။

အစပထမကတော့ အထာသိပ်မနပ်တော့ ဘယ်လို လုပ်ရမယ် ဆိုတာ မသိပေမယ့် ရက် အနည်းငယ် ကြာလာတော့ သဘောပေါက်လာတယ် ။ ဘယ်နေရာ အမှိုက်ပုံက ပစ္စည်းရဖို့ လွယ် ၊ ဘယ်အချိန်ဆို ဘယ်အိမ်က အမှိုက် လွှင့်ပစ်တယ် ဆိုတာ သဘောပေါက်လာတယ်။ ဒီလိုနဲ့ တစ်လလောက် လုပ်လိုက်တော့ ဆရာမကို ပေးဖို့ ငွေလေး စုဆောင်းမိလာတဲ့ အပြင် အဖေ့ အတွက် လိုအပ်တဲ့ ဆေးလေးတွေ ၀ယ်ပေးနိုင်ခဲ့ယုံသာ မကဘူး ညီမလေး သိပ်ကြိုက် တဲ့ ရေခဲမုန့်လေးကို နေ့စဉ် ၀ယ်ကျွေးနိုင်ပါတယ် လို့ ကျောင်းဘက်ကို ခြေဦး ပြန်လှည့်ခဲ့ပါတယ် ။

ငွေကြေးချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ အတန်းဖော် သူငယ်ချင်းများကို သား ၊ သမီး ဆိုပြီး ခေါ်ဆိုတတ်တဲ့ ဆရာမဟာ ကျနော့်ကိုတော့ နင်ဆိုတဲ့ အသုံးအနှုန်းက လွဲပြီး ပြောင်းလဲသုံးဖို့ စိတ်ကူး မရှိဘူးလား မသိပါဘူး ။ သူသင်တဲ့ ကျူရှင် မတတ်နိုင်တဲ့ ကျောင်းသားတွေ ဆို အမြဲလိုလို ဒေါသထွက်နေတတ်တဲ့ ဆရာမကို ရင်ဆိုင်နေရတာ သိပ်ကို ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ် ။

ကျောင်းက ပြန်လာတာနဲ့ လွယ်အိတ်ကို အသာချပြီး အမှိုက်ပုံကို ပြေးသွားရတဲ့ ဘ၀တွေက
လွတ်မြောက်ချင်လှပြီ ။ ကျောင်းက အပြန်ဆော့ကစားနေတဲ့ သူငယ်ချင်းတွေကို မြင်တိုင်း
သူတို့လို ကစားချင်ပေမယ့် အိမ်က ဆန်အိတ်ထဲမှာ မနက်စာဘဲ ကျန်တော့တာကို သိထားတဲ့
ကျနော် အတွက် ကစားမက်လို့ မဖြစ်ပါဘူး ဆိုပြီး ဆုံးဖြတ်ချက်ချကာ အရပ်တကာလည်ပြီး
အမှိုက်ကောက်ခဲ့ရတဲ့ ရက်တွေ တဖြည်းဖြည်း ပိုမို များပြားလာပါတယ် ။

တနေ့တနေ့ လမ်းကြိုလမ်းကြားထဲ ၀င်ပြီး အမှိုက်ကောက်နေတဲ့ ကျနော့်ကို သနားစရာ အကြည့်နဲ့ ကြည့်သူတွေထက် မယုံသကာင်္စိတ်နဲ့ ကြည့်ကြတဲ့ လူတွေရဲ့ မျက်ဝန်းမှာ မနှစ်မြို့ခြင်းတွေ ပါနေတတ်တယ် ။ အထူးသဖြင့် တိုက်ကြို တိုက်ကြား ၀င်ကောက်တဲ့အချိန်တွေဆို အော်ဟစ်မောင်းထုတ်တာကို ခံရပါများလာတော့ ဒီဘ၀ကို တကယ် စိတ်နာလာပါပေမယ့် ကျနော့် ငွေရမှ အဖေ့အတွက်ဆေးဖိုး ၊ ညီမလေး သိပ်ကြိုက်တတ်တဲ့ မုန့်လေးတွေ ၀ယ်ပေးနိုင်မှာ ဆိုတော့မလုပ်ချင်လည်း လုပ်နေရအုံးမှာပါဘဲ ။

ညနေဘက် ကျနော် ပြန်လာရင် ထွက်ကြိုတဲ့ ညီမလေးကို မုန့်လေးပေး ၊ အဖေ့အတွက် အာဟာရပြည့်စေမယ့် အစားအစာ တခုခုပေးရတဲ့ အချိန်ဟာ ကျနော့်ဘ၀ အတွက် အပျော်မြူးရဆုံးအချိန်ပါဘဲ ။ ကိုယ်တိုင်က ငွေမရှာနိုင်လို့ သားဝယ်လာတာလေးကို စားနေရတဲ့ ကျနော့်အဖေ့မျက်လုံးမှာ အမြဲလိုလို မျက်ရည်တွေစို့နေတာကို သတိထားမိတယ် ။

အဖေ့အတွက် ဆေးကုပေးဖို့ အမေ ကိုပြောတော့ “ ငါ့သားရယ် ….ဆေးကုဖို့က ငွေမနည်းဘူး ကုန်မှာ .. အမေ့မှာလည်း စားဖို့တောင် အနိုင်နိုင်ဆိုတာ သားလည်း သိသားဘဲ “ ဆိုပြီး ၀မ်းနည်းနေတဲ့ အမေ ၊ ဝေဒနာကို ကြိတ်မှိတ်ခံစားနေရတဲ့ အဖေ ၊ မိဘနှစ်ပါးကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ကျနော်တို့ ညီမလေး အတွက် ကျနော် ကျောင်းထွက်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ခဲ့တယ် ။

ရက်ကွက်ထဲက သူငယ်ချင်း တချို့ ညဘက် ပန်းကောက်ပြီး မနက်အစောကြီး ဈေးမှာသွားသွင်း ၊ တခါတလေ ကားဂိတ်တွေမှာ ရောင်းတာ အဆင်ပြေတယ်ဆိုလို့ ကျနော် သူတို့ နဲ့ အတူလိုက်ပြီး ၀မ်းရေး အတွက် ဖြေရှင်းခဲ့ရတယ် ။ နေ့လည် အချိန်အားရင် အမှိုက်ပုံဘက် ပြေးသွားပြီး ငွေရှာပါမှ ထမင်း နပ်မှန်ဖို့ သာ မကဘူး အဖေနဲ့ ညီမလေး အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးနိုင်မှာ ။

အလုပ်နှစ်ခုလုပ်တော့ ငွေပိုလေး နည်းနည်းရလာလို့ ရပ်ကွက်ထဲက ဆရာဝန်နဲ့ အဖေ့ကို ပြနိုင်ခဲ့တယ် ။ သူညွှန်ပြတဲ့ ဆေးကို အဖေ ပုံမှန်စားနိုင်အောင်ကျနော် ပိုပြီး ကြိုးစားရအုံးမယ်..။

ဘာလိုလိုနဲ့ သင်္ကြန်နားတောင် နီးလာပြီ ဘဲ။ လူတော်တော်များများ ပျော်ရွှင်ကြတဲ့ သင်္ကြန်ပွဲ ကျနော်လည်း ပျော်ချင်တာပေါ့ဗျာ..။ သင်္ကြန်အတွက် ဘာအစီအစဉ်ရှိလည်း သူငယ်ချင်းတွေနဲ့တိုင်ပင်တော့ သူငယ်ချင်း တစ်ယောက်က “ သင်္ကြန်ဆိုတာ ငါတို့အတွက် ဂွင်ဘဲကွ…။ အဲဒီနေ့မှာ ငါတို့ ကြိုးစားလိုက်ရင် မြိုးမြိုးမျက်မျက်လေး ရနိုင်တယ်တဲ့ ။ ဘာလုပ်ရမှာလည်း ဆိုတော့ အရက်လည်း ရောင်းမယ် ရေသန့်ဘူးတွေ ၊ အချိုရည်ဘူးတွေလည်း ကောက်လို့ ရတယ်” ဆိုလို့ ကျနော် အရမ်း စိတ်ဝင်စားသွားတယ် ။

မြန်မာရိုးရာ အတာသင်္ကြန်ပွဲကြီး စတင်ကျင်းပတဲ့ နေ့က စပြီး ကားဂိတ်လေးမှာ ရေပုံးလေးတွေ ကိုယ်စီကိုင်ပြီး အရက်ဆိုင်လေးတွေ ကိုယ်ပိုင်ဖွင့်ခဲ့ကြတယ် ။ ဆိုင်လို့သာ ပြောတာပါဗျာ. ထိုင်ခုံတလုံးပေါ်မှာ ရေပုံးတလုံး ၊ အရက်တပုံးနဲ့ ရေသန့်ဘူး အဟောင်းလေးတွေ ဘဲ ရှိတာပါ ။ အရက် တဗူးကို တစ်ထောင်နဲ့ အော်ဟစ်လို့ ရောင်းခဲ့ရတာ ပျော်စရာ မကောင်းပေမယ့် ၀င်ငွေ ကောင်းကောင်းရလို့ အဖေ့အတွက် ဆေးကုပေးနိုင်မယ် ဆိုပြီး စိတ်ကူးနဲ့ ကြည်နူးခဲ့ရပါတယ် ။ သူငယ်ချင်း တစ်ယောက်က ဆိုင်ထိုင်ရင် နောက်တစ်ယောက်က ကားပေါ်က ပစ်ချလိုက်တဲ့ ရေသန့်ဗူးနဲ့ အချိုရည်ဗူးလေးကို လိုက်စုရတယ် ။ ကောက်တဲ့ လူကများတော့ နည်းနည်းတော့ စွန့်စားရတယ်ဗျာ…။

သင်္ကြန်အတက်နေ့ ဆိုတော့ လူတွေကို ပိုပျော်နေကြလို့လား မသိဘူး ရောင်းလို့ကလည်း ကောင်းပဗျာ..။ နောက်ဆုံးနေ့ ဆိုတော့ သူတို့ အားခဲပြီး ဖြုန်းပြနေလို့ သူတို့ ပစ်ချသမျှ လိုက်ကောက်ရတာတောင် နည်းနည်းမောလာသလိုပါဘဲ ။ ဒီနေ့တော့ နေ့တွက် တော်တော်ကိုက်နေပြီ ဆိုတာသိပေမယ့် ဆက်စောင့်ပြီး ကောက်လို့ များများရရင် မနက်ဖြန် မနက် အမေ ဘုန်းကြီးကျောင်းသွား ရင် မောင်နှမ နှစ်ယောက်လုံးလိုက်မယ်လို့ စဉ်းစားထားတယ် ။

ကားတစီးပေါ်က ပစ်ချလိုက်တာ အချိုရည်ဗူးခွံတွေဗျာ.. အများကြီးဘဲ ကားလမ်းလယ်မှာ သွားကောက်ရင် အန္တာရယ်များမှန်း သိပေမယ့် သူတပါး မဦးခင် အမြန်ဦးအောင် ကားလယ် အလယ်ကို ပြေးအသွားမှာ အရှိန်ပြင်းစွာ မောင်နှင်းလာတဲ့ ကား တစီးကြောင့်……. လေထဲကို မြောက်သွားပြီး ပြန်အကျမှာ သူ့ခန္ဓာက ဖြာဆင်းလာတဲ့ သွေးစက်တွေက မြင်ရက် စရာ အောင် ကျဆင်းပေမယ် ကျနော် အိမ်ပြန်ဖို့ အားခဲထားဆဲပါဘဲ ။

သူ့ကိုယ့်သူ မသယ်နိုင်တဲ့ ခန္ဓာကိုယ်ကို အတင်းကြိုးစားပြီး ရုန်းထနေပုံလေးက မြင်ရသူ အပေါင်း ရဲ နှလုံးသားကို ကွဲကြေပျက်သလို ခံစားလိုက်ရလို့ လူအများက ဆေးရုံပို့ဖို့ ကြိုးစားပေမယ့် “ အဖေနဲ့ ညီမလေး စောင့်နေလို့ အိမ်ကိုသာ ပြန်ပို့ပေးကြပါ “ ဆိုတဲ့ စကားကို သနားစဖွယ် အမူအရာနဲ့ နောက် ဆုံး စကား အဖြစ် ကြိုးစားပြောပြီး အချိန်မကြသေးဘဲ ဘ၀တပါးကို သနားဖွယ်ရာ ကူးပြောင်းသွားရှာပါပြီ.။

မိဘက ဆင်းရဲ နွမ်းပါးလို့ ကျောင်းနေချိန်မှာ ပညာမသင်ရဘဲ အနာဂတ်တွေ ပျောက်ဆုံးကာ စာသင်ခန်းကို ကျောခိုင်းပြီး ၀မ်းရေး အတွက် အခုလို ကြိုးစားရှာဖွေနေတဲ့ ကလေးငယ်တွေ သိပ်ကို များလာတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရလို့ မိတ်ဆွေများကို သတိပေးတဲ့ အနေနဲ့ လေးစားစွာ တင်ပြပေးလိုက်ပါတယ် ။

အကယ်၍များ မိတ်ဆွေတို့မှာ ကိုယ်ချင်းစာတရားနဲ့ မျှဝေခံစားလိုကြကာ မိမိတို့ တတ်နိုင်သလောက်လေး ပါဝင်ကူညီဆောင်ရွက်ပေးကြရင် အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကလေးငယ်တွေ တဖြည်းဖြည်း နည်းပါးသွားနိုင်တယ် ဆိုတဲ့ ခံယူချက်လေးထားပြီး သူတို့ဘ၀ အတွက် တစ်ချက်လောက် စဉ်းစားပေးကြပါလားလို့ သူတို့ကိုယ်စား ကျနော်ကဘဲ တောင်းပန်စကား အရင်ပြောကြားချင်ပါတယ် ။

အုပ်ချုပ်သူ နေရာကို ယူထားပြီး တိုင်းပြည်ဘဏ္ဍာကို စီမံခန့်ခွဲနေကြသူများက လှစ်လှူရှုထားလို့ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ လူအများကို ပြည်သူလူထုကဘဲ ကိုယ်ထူကိုယ်ထ စနစ်ကို ကျင့်သုံးပြီး နိုင်ငံရာ တာဝန် ထမ်းကြကာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးမှာ သာ အနာဂတ်ကမ္ဘာမှာ လူငယ်မျိုးဆက်သစ်တွေ အခုလို ဒုက္ခတွေ ကြုံတွေ့ရတဲ့ ဘ၀က လွတ်မြောက်လာမှာ အမှန် ပါဘဲ ဆိုတာကို ယုံကြည်စွာနဲ့ လက်ခံထားပြီး တတ်နိုင်သလောက်လေး ကြိုးစားဆောင်ရွက်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ ။

ကိုယ်ပိုင် အိမ်မှာ နေခွင့်မရလို့ သူတပါး အိမ်မှာ ခတ္တ ဧည့်သည် အဖြစ်နေကြရကာ စီးပွားရှာနေရတဲက ပြည်ပရောက် ညီအစ်ကို မောင်နှမများ အနေဖြင့်လည်း အချိန်တန်လို့ အိမ်ပြန်ရရင် သာယာလှပတဲ့ ကိုယ်ပိုင်အိမ်လေးမှာ ပြန်နေနိုင်အောင် ၀ိုင်းဝန်း ကြိုးစားပေးစေလိုပါတယ် ။ သူတပါးအိမ်မှာ ဧည့်သည် ဘ၀နဲ့ ထာဝရနေထိုင်သွားမယ့် အစား ပျက်စီးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်အိမ်လေးကို နေထိုင်ချင်စဖွယ် ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။

Credit To : ဗမာ့သွေး။

ငယ်စဉ်ကြီးလိုက်

ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။

စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

လိုက် - သူငယ်ချင်းတို့ . . .
ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေး လူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့ အတိုင်းဗြဟ္မစိုရ် လူမှုရေးတွေ လုပ်နေလေပြီကွာ။
လူလူချင်း စာနာထောက်ထား နေပြီလေကွာ။
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……
အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူ လူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။

မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။
ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။

ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ
Credit To : oneshinwar

ဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး

ဆရာအောင်သင်းသည် ၁၉၅၈  ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများကိုလည်း လိုက်လံဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)

aungthin
စာရေးဆရာ အောင်သင်း

















ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။
 
“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက
 ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”

ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့ ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့ ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”

တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ မျှော်မှန်းလို့ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။  အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”။

Credit to : mizzima

မင်္ဂလာပါ

မင်္ဂလာပါ။အကြိုက်ဆုံး Post တွေကို စုစည်းထားခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းများ နှစ်သက်မယ်လို့ မျော်လင့်ပါတယ်။